Wednesday, January 28, 2026

မဲဆောက်မြို့နယ်အတွင်း နိုင်ငံမဲ့ (၁၀) နှစ်ကဒ် ပြုလုပ်သူ (၇၀၀) ကျော်ရှိ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး မှ မြန်မာနိုင်ငံသားများကို (၁၀) နှစ် ကဒ် ပြုလုပ်ပေးပြီး (၃) လနီးပါးအတွင်း ပြည်သူပေါင်း (၇၀၀) ကျော် ပြုလုပ်ပေးခဲ့ကြောင်း AEC อาเซียน News သတင်းက ထုတ်ပြန်ထားသည်။

Photo – District add Maesot

ယမန်နေ့ (ဇွန် ၁၈) ရက်တွင် တတ့်(ခ်) ခရိုင် အုပ်ချုပ်ရေးမှူးမှ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် (၃) ဦးကို နေရာပြောင်းရွှေ့ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောင်းရွှေ့ခံရခြင်းအကြောင်းမှာ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင်လုပ်ရန်အတွက် လူစည်ကားနေပြီး ၊ တာဝန်ရှိသူများက မြန်မာနိုင်ငံသားများကို လျှို့ဝှက်စွာဖြင့် ကဒ်လုပ်ပေးနေကြောင်း၊ ထိုင်းနိုင်ငံသားများက တန်းစီစောင့်ဆိုင်းရကာ အချိန်ကြာမြင့်နေသည့် အကြောင်းကို တတ့်(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့သည်။

၁၀ နှစ်ကဒ်

ထိုင်းနိုင်ငံမဲ့ (၁၀) နှစ်ကဒ် လာလုပ်တဲ့သူများသည့် မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပါဝင်ကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

လက်ရှိမှာ (၁၀) နှစ်ကဒ်ကို တစ်နေ့လျှင် (၁၅) ယောက်မှ (၂၀) ယောက်ထိ တာဝန်ရှိသူများက လျှို့ဝှက်စွာ လုပ်ပေးခဲ့သည်ဟုလည်း ရေးသားထားသည်။

(၁၀) နှစ်ကဒ် ကို တစ်ဦးလျှင် (၄) သောင်းဘတ် မှ ဘတ် (၁) သိန်း အထိ စျေးနှုန်းရှိခဲ့ပြီး၊ (၃) လနီးပါးအတွင်း ပြည်သူပေါင်း (၇၀၀) ကျော် လုပ်ပြီးသွားပြီး စုစုပေါင်း ကျသင့်ငွေဘတ် (၂၈) သန်း မှ ဘတ် သန်း (၃၀) အထိ တာဝန်ရှိသူတွေ ရထားသည်ဟုလည်း AEC อาเซียน News တွင်သိရသည်။

ထို့ကြောင့် မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် (၃) ဦးကို နေရာပြောင်းရွှေ့ထားပြီး ဥပဒေအတိုင်း စစ်ဆေးသွားမည်ဟု သိရသည်။

ထိုင်း (၁၀) နှစ်ကဒ် ကိုင်ဆောင်ထားသည့် သူများ၊ တောင်ပေါ်ဒေသတွင် နေထိုင်သည့် သူများ နှင့် ကျေးလက်ဒေသတွင် နှစ်ပေါင်းကြာရှည်နေထိုင်ပြီး ဘာအထောက်အထားမှ မရှိသည့် ပြည်သူတွေကို ထိုင်းအစိုးရမှ (၁၀) နှစ်ကဒ် ကိုင်ဆောင်ခွင့်ပေးခြင်း ဖြစ်သည်။

လက်ရှိ တရားမဝင် (၁၀) နှစ်ကဒ် ကိုင်ဆောင်ထားသည့် သူများကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ကဒ်ကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

နောင်ချိုမြို့ CDM ပြုလုပ်သည့် ဒု – မြို့နယ် အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် သေဆုံး

0
သျှမ်းပြည် ကျောက်မဲခရိုင် ၊ နောင်ချိုမြို့ ဒု - မြို့နယ် အုပ်ချုပ်ရေးမှူးသည် CDM လုပ်ပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် စစ်ဆေးမှုကြောင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်း နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်သည် ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး...

မဲဆောက်မြို့နယ်ရှိ တရားမဝင် (၁၀) နှစ်ကတ် ကိုင်ဆောင်ထားသူကို ပြန်လည်ဖျက်သိမ်းမည်

0
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာနိုင်ငံသား (၇၀၀) ကျော် (၁၀) နှစ်ကတ် လုပ်ထားပေးမှုကို ပြန်လည် ဖျက်သိမ်းသွားမည်ဟု ထိုင်းသတင်းဌာနများ ရေးသားချက်အရ သိရသည်။ အဆိုပါ မဲဆောက်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ (၁၀) နှစ်ကတ် လုပ်ပေးသည့် အရာရှိ (၃) ဦးကို ဇွန် (၁၈)...

ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ပိုက်ဆံအဆမတန်ကောက်ယူပြီး လောင်းကစားဝိုင်းဖွင့်လှစ်နေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ အုပ်ချုပ်ရေးမှူးသည် ပြည်သူများထံ ပိုက်ဆံ အဆမတန်ကောက်ယူပြီး လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပင်လုံမြို့ထဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရာဇာအောင် နှင့် ပအိုဝ်းအဖွဲ့အစည်း တချို့တို့ ပူးပေါင်းပြီး ရပ်ကွက် (၂) လေးဆူကုန်းဘောလုံးကွင်းရှိ လောင်းကစားဝိုင်းများသည် ၂၄ နာရီလုံး ဖွင့်လှစ်ထားပြီး၊ စတိတ်စင်...