Wednesday, January 28, 2026

မိုးဗြဲမြို့ တိုက်ပွဲကြား ပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားသည့်ကြားထဲ စစ်ကောင်စီမှ အပြစ်မဲ့ ပြည်သူကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်မှတ်ထားပြီး တိုက်ခိုက်လာသောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့နယ်အတွင်း လက်နက်ကြီးထိမှန်သည့် ဒေသခံ ပြည်သူအိမ်

ယမန်နေ့ ဇွန် ၁၄ ရက် နေ့လည်ပိုင်း အချိန်တွင် မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားသည့်ကြားထဲ နေရပ်ပြန်သွားသည့် လင်မယား ၂ ဦးကို စစ်ကောင်စီမှ ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ကျန်အမျိုးသမီးတစ်ဦး ထွက်ပြေးလွှတ်မြောက်နိုင်ခဲ့ကြောင်း MBPDF မှ ယနေ့ ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

“လင်မယား နှစ်ယောက်က နေရပ်ပြန်ပြီး ရိက္ခာပြန်ယူတာ။ ပြန်သွားတုန်း သူ့ယောင်္ကျားကို စစ်တပ်မှ သေနတ်နဲ့ ပစ်လိုက်တာ။ အဲ့မှာပဲ ပွဲချင်းပြီး သွားတယ်။ သူ့မိန်းမတော့ ပြန်လွတ်လာခဲ့တယ် “ ဟု မိုးဗြဲမြို့ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ည ၉ နာရီအချိန်တွင် မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီမှ တာဝေးပစ် (အဝေးပစ်) လက်နက်ကြီးဖြင့် အကြိမ် ၁၅ ကြိမ်ထက်မနည်း တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရသလို နေအိမ် အဆောက်အဦးများ ပျက်စီးသွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထိုသို့ စစ်ရှောင်စခန်းကို တစ်ဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ယနေ့ ဇွန်လ ၁၅ ရက် နံနက် ၂ နာရီဝန်းကျင်တွင် မိုးဗြဲအနောက်ဖက်ခြမ်းကို ထပ်မံပြီး လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချ ခဲ့ကြောင်း ဆိုသည်။

လက်ရှိ မိုးဗြဲမြို့မှာ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေ တင်းမာနေလျက်ရှိသောကြောင့် စစ်ရှောင်အပါအဝင် ပြည်သူများအနေဖြင့် နေရပ်ပြန်ခြင်း မပြုလုပ်ကြရန် MBPDFမှ ထပ်မံ သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...