လင်းခေး – ဟိုမိန်း ဆက်သွယ်မည့် တာဆွပ်တိန်း တံတား စတင်တည်ဆောက်နေ

သျှမ်းပြည် လင်းခေး ခရိုင် အတွင်းရှိ သံလွင်မြစ်ကူး တာဆွပ်တိန်း တံတား တည်ဆောက်မှုကို စတင်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

Photo – Local ( တာဆွပ်တိန်း )

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကာလမှ စတင်ဆောက်လုပ်လာသည့် သံလွင်မြစ်ကူး တာဆွပ်တိန်းတံတားသည် လက်ရှိ အချိန်တွင် တိုင်လေးတိုင် ဆောက်လုပ်ပြီးစီးနေကြောင်း အဆိုပါ လမ်းကြောင်း တလျောက် သွားလာသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနှစ်ကနေ စတင်ပြီးတော့ တိုင်တွေ စတင်ဆောက်လုပ်လာတာ တွေ့ရတယ်၊ အခုဆိုရင်တော့ ဒီသံလွင်မြစ် အနောက်ဘက်ကနေ စလုပ်သွားနေတာပေါ့၊ အလုပ်သမားနေဖို့ တန်းလျား၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အားလုံးကို သူတို့က စီစဥ်ထားပြီးပြီ၊ ဒီတံတားဆောက် စီမံကိန်းက ငါးနှစ်ထားတယ်လို့ သိရတယ်” ဟု အဆိုပါ လမ်းပိုင်း တစ်လျှောက် သွားလာလှုပ်ရှားသည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သံလွင်မြစ်တံတား တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် လွှတ်တော်အတွင်း တင်ပြ တောင်းဆိုမှုကြောင့် အစိုးရမှ ဘက်ဂျက်များ ချပေးခြင်း ဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိ တာဆွပ်တိန်း တံတား တည်ဆောက်နေသည့် သံလွင်မြစ်လမ်းကြောင်းသည် လင်းခေးမြို့နယ် – ဟိုမိန်းမြို့နယ် (ခွဲ) ကို ဆက်သွယ်ထားသည့် လမ်းကြောင်းဖြစ်နေပြီး ၁၂၉ ကီလိုရှိနေသည့် အကြောင်းနှင့် တာဝန်ယူတည်ဆောက်နေသည့် အင်ဂျင်နီယာ အဖွဲ့သည် မည်သည့် အဖွဲ့က ဖြစ်သည်ကို မသိရသေးသည့် အကြောင်းကို အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“ကွန်ကရစ် တံတားဖြစ်မယ်လို့ ထင်တာပဲ၊ အခုတည်ဆောက်နေတဲ့ အဖွဲ့ကလည်း ဗမာစကားတွေပဲ ပြောကြတယ်၊ ဒါပေမဲ့ ဘယ်ဆောက်လုပ်ရေး အင်ဂျင်နီယာက လုပ်နေလဲ ဆိုတဲ့ ဆိုင်းဘုတ်တော့ မတွေ့ရသေးဘူး၊ ဒီလမ်းကြောင်းကသာ ပြီးသွားရင်တော့ သျှမ်းတောင် နဲ့ သျှမ်းရှေ့ ဆက်သွယ်ရေးလမ်းကြောင်းက ပိုပြီးတော့ ကောင်းသွားမှာပေါ့” ဟု ၎င်းက ဆက်ဆိုသည်။

သံလွင်မြစ်သည် သျှမ်းတောင် နှင့် သျှမ်းအရှေ့ကို ဆက်သွယ်ပေးသည့် လမ်းကြောင်း ဖြစ်သည့် အပြင် သျှမ်းပြည် နှင့် ထိုင်းနိုင်ငံကိုလည်း တိုက်ရိုက် သွယ်တန်းထားသည့် လမ်းကြောင်း ဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

ထို့ကြောင့် အဆိုပါ သံလွင်မြစ်ကူး တာဆွပ်တိန်း တံတား တည်ဆောက်မှု ပြီးစီးပါက ထိုင်းနိုင်ငံ နှင့် ကုန်သွယ်ရေးလမ်းကြောင်းများလည်း ပိုမိုတိုးတက်လာနိုင်သည့် အကြောင်း သျှမ်းပြည်မှ ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သံလွင်မြစ်ကို ကူးဖို့ တံတား ရှိလာပြီဆိုရင် ထိုင်း နဲ့ ကုန်သွယ်ရေး၊ စီးပွားရေးလမ်းကြောင်းတွေ ပိုပြီးတော့ ကောင်းလာမှာပေါ့၊ ဒီကနေ ထိုင်းဘက်ကို ခြံထွက်ပစ္စည်းတွေ၊ ကျွဲ၊ နွားတွေ တင်ပို့ဖြစ်မှာပေါ့။ ထိုင်းကနေ စားသောက်ကုန်ပစ္စည်းတွေ၊ စက်သုံးဆီတွေကို အဓိက တင်သွင်းဖြစ်မှာပေါ့၊ စီးပွားရေး လမ်းကြောင်း ကောင်းလာမယ့် အလားအလာပါ” ဟု သျှမ်းပြည်မှ ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သံလွင်မြစ်ကူးရန်အတွက် ဒေသခံများသည် လှေ ဖြင့် ကူးနေရပြီး လှေမရှိသည့်အချိန်၊ လှေထွက်ချိန် နှင့် မမှီမည့် အချိန် တို့ နှင့် ကြုံတွေ့မှုများနေသည့်အတွက် အချိန်ကာလ ကြန့်ကြာမှု အခက်အခဲ တစ်ခု ရှိနေကြောင်းလည်းသိရသည်။

အဆိုပါ လမ်းပိုင်းတစ်လျှောက် လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ အပြင် SSS (S သုံးလုံး) ပြည်သူ့စစ်တို့လည်း ရှိနေကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...