တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်ထားသည့်အိမ်များကို စစ်တပ်က ဖယ်ရှားခိုင်းနေ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုရှိ လယ်ယာမြေပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်များနှင့် မြေဝယ်ပြီး ခြံစည်းရိုးခတ်ထားသူများကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည်ဟုဆိုပြီး စစ်တပ်က ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့နယ်

ပြီးခဲ့သည့် ဇွန်လ ၂ ရက် စစ်ကောင်စီလက်အောက်ခံ ဖာမွန်းကျေးရွာ လယ်မြေစီမံခွန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ အဆောက်အဦး ဆောက်လုပ်ခြင်း နှင့် အုတ်တံတိုင်း ကာရံခြင်းကို ဇွန်လ ၉ ရက်မှစပြီး အပြီးဖယ်ရှားရမည်ဟု အိမ်တိုင်ရောက် စာပို့အကြောင်းကြားခဲ့သည်။

လက်ရှိ လယ်ယာမြေပေါ် အိမ်ဆောက်လုပ်ထားပြီး ဖယ်ရှားရမည့် စာရင်းထဲပါရှိသော အိမ်ခြေသည် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီး အခိုင်အမာ ဆောက်လုပ်ထားသည့် အိမ်ကြီးများလည်း ဖယ်ရှားရမည့် စားရင်းထဲ ပါရှိကြောင်း တောင်ကြီးမြို့နယ်ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အိမ်တွေဆောက်ထားတဲ့လူရော အိမ်ဖျက်ခိုင်းထားတယ်။ လောလောဆယ် ဖျက်ခံရမယ့် စားရင်းထဲပါတာ အိမ်ခြေ ၂၀၀ ကျော်တယ်လို့ ကြားတယ်။ အခုရွာမြေ မဟုတ်တဲ့မြေတွေ အကုန်းနီးပါးလောက် ပါတယ်။ ရောင်းတဲ့လူတွေက ရောင်းလို့မရတာ သိရက်နဲ့ရောင်းကြတာ။ ဝယ်တဲ့လူတွေက မသိဘဲဝယ်ကြတယ် “ ဟု ၎င်းက ပြောသည်။

ဖယ်ရှားရမည့် အိမ်ခြေ ၂၀၀ ကျော်အနက် တချို့မှာ အခိုင်အခန့် ဆောက်လုပ်ထားသည့် အိမ်ကြီးများ၊ ဆောက်လုပ်စ နေအိမ်များ နှင့် မြေဝယ်ယူပြီး ခြံစည်းရိုးခတ်ထားသည့် လယ်ယာမြေများ ပါဝင်ပြီး အမှန်တကယ် ဖယ်ရှားရမည်ဆိုပါက ၎င်းတို့သည် နစ်နာဆုံးရှုံးမှု နှင့် အခက်ခဲများစွာ ကြုံတွေ့နိုင်ကြောင်း သိရသည်။

“အခုလောလောဆယ်တော့ သူတို့ မဖျက်သေးဘူး။ သတိပေးတဲ့ သဘောထင်တယ်။ ဒါပေမယ့် ပြောလို့တော့မရဘူး။ ဘယ်နေ့ ထလုပ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်တာ။ ပိုက်ဆံပေးပြီး ဝယ်ထားတဲ့သူတွေက သိမ်းသွားရင်တော့ ရှုံးမှာ “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် အကြောင်းကြားစာအရ အပြီးဖယ်ရှားသည့် နေ့ရက်မှစ၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လယ်ယာမြေဉပဒေအရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

အလားတူ တောင်ကြီးမြို့ရှောင်လမ်း (လမ်းငါးဆုံ) အသစ်မှ တစ်မိုင်ပတ်လည်ရှိ မြေကွက်များကို အရောင်းဝယ်ပြုလုပ်လျှင် တရားစွဲဆိုမည် စာထုတ်ထားသောကြောင့် လယ်ယာမြေအရောင်းအဝယ် ပြုလုပ်သူများ မြေဝယ်ယူရန် မရဲတော့ကြောင်း လယ်ယာမြေပွဲစားထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...