Tuesday, January 27, 2026

ထိုင်းရောက် မြန်မာလုပ်သား အပါအဝင် မြေလိမ်လည်ရောင်းချခံရသူ ၅၀၀ ကျော် ထိုင်း ရဲစခန်းတွင် သွားရောက်ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အပါအဝင် လူအင်အား ၅၀၀ ကျော်က လယ်ယာမြေ လိမ်လည်ရောင်းဝယ်မှုကြောင့် နစ်နာ ဆုံးရှုံးရသည့်အပေါ် အမြန်ဆုံးစိစစ် ဖြေရှင်းပေးဖို့ ချင်းမိုင်မြို့ အမှတ် (၅) ရဲစခန်းမှာ ဆန္ဒပြတောင်းဆိုနေကြကြောင်း စုံစမ်းသိရသည်။

ချင်းမိုင် အမှတ် (၅) ရဲစခန်း မှ ပြည်သူများသွားရောက် ဆန္ဒပြ

ယနေ့ (ဇွန်လ ၁၂) ရက် ချင်းမိုင်ခရိုင် မြို့တွင်း၊ မြို့နယ် နောင်ဟွယ်အုပ်စုရှိ ရဲစခန်းတွင် နစ်နာဆုံးရှုံးသူ ထိုင်း၊ မြန်မာ၊ သျှမ်း လူဦးရေ ၅၀၀ ကျော်က သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေရောင်းသည့် ပွဲစားဖီ့ချမ်း ဆိုသူက ချင်းမိုင်ခရိုင် နှင့် လမ်းပွန်းခရိုင်ရှိ လယ်ယာမြေ စီမံကိန်း ၁၂ ခုအား ရောင်းချခဲ့ရာ လူဦးရေ ၁ ထောင်ကျော်က အရစ်ပေးချေမှုစနစ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု Chiang Mai News သတင်းဌာနက ဖော်ပြထားသည်။

“မြေဝယ်သူတွေကို အရစ်ကျ စနစ်ငွေပေးချေရင် ၄ နှစ်စာ အတိုးမယူဘူး။ ၃ လစာ အရစ်ကျပေးပြီးရင်တော့ အိမ်ဆောက်လို့ရတယ်။ မဟုတ်ရင် အပင်တွေ စိုက်လို့ရတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း မြေဂရမ်ရအောင် လုပ်ပေးမယ် “ ဟု ဖီ့ချမ်းက ပြောဆိုပြီး ရောင်းချခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

အဆိုပါ လယ်မြေများအနက် အချို့မှာ ပိုင်ရှင်ရှိသည့် မြေများဖြစ်ပြီး တချို့မှာ ဘဏ်မှပိုင်ဆိုင်သည့် မြေများ ဖြစ်ကြောင်း ဖီ့ချမ်း တစ်ဦးတည်းပိုင်မြေများ မဟုတ်ကြောင်း ထို့အတွက်ကြောင့် လယ်ယာမြေ ဝယ်သူများက စရံငွေ၊ အရစ်ကျငွေများ ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ လယ်ယာမြေ လိမ်လည်ရောင်းဝယ်မှုကြောင့် နစ်နာသူ လူဦးရေ ၁ ထောင်ကျော်မှ ဘတ်သန်းငွေ ၂၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်းလည်း ချင်းမိုင်ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည်...