ပုံးအင်းဒေသ ရေမွှေး လိုက်လံကြေညာပြီး ဒေသခံများထံ ငွေကြေးလိမ်လည်မှုပြုလုပ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် အမည်မသိ လူ ၄ ဦးက ရေမွှေး လိုက်လံလိမ်ညာပြီး ရောင်းနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၄) ရက် နေ့လယ်ပိုင်းတွင် ပုံးအင်းဒေသမှ ချောင်းအနောက်ခြမ်းရှိ ဝမ်ခွမ်ရွာကို တခြားဒေသမှလာသည့် အမည်မသိ လူ ၄ ဦးက ရေမွှေးကို လိမ်ညာရောင်းချနေသည်။

အဆိုပါ ရေမွှေးဗူးထဲ၌ ပေါက်မဲ ရှိသည်ဟုဆိုကာ (ငွေကြေးမကုန်) အထူးကံစမ်းမဲကို နိုက်ရန်လိမ်လည်ခဲ့ကြောင်း ကြုံတွေ့ခဲ့သူ ကာယကံရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ မဲနိုက်ဖို့ပြောတုန်းက ပိုက်ဆံမကုန်ဘူး၊ တကယ်လို့ မဲ မပေါက်ရင် ဖုန်းဘေ ၂ သောင်းထည့်ပေးမယ်။ ရေမွှေးလည်း ပေးမယ်ဆိုပြီး ကြေညာတာ။ ကျမလည်း ပိုက်ဆံမရှိဘူးနော်လို့ ပြောတာကို ပိုက်ဆံမရှိလည်း နိုက်လို့ရတယ်ဆိုပြီး ပြောတယ်။ မဲကို ၃ စောင်လောက် နိုက်လည်းနိုက်ပြီးရော မဲတစ်စောင်ကို ကျပ် ၂ သိန်းပေး ဆိုပြီး တောင်းတာ “ ဟု ကြုံတွေ့ခဲ့သူ ကာယကံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ငွေကြေးမကုန် အထူးကံစမ်းမဲကို ကြေညာပြီး မဲနိုက်ခိုင်းခဲ့သောကြောင့် ၎င်းမှ မဲကို ၃ စောင် နိုက်ယူပြီးချင်း မဲ ၁ စောင်ကို ကျပ် ၂ သိန်း ပေးရန်နှင့် မပေးနိုင်ပါက မဲ ၃ သုံးစောင်လုံးကို ကျပ် ၂ သိန်းပေးရန် အမျိုးမျိုး ငွေတောင်းယူခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငွေကြေးမကုန် အထူးကံစမ်းမဲဆိုပြီး လိမ်လည်မဲနိုက်ခိုင်းသောကြောင့် ပုံးအင်းဒေသမှ ဒေသခံ ၄ ဦးသည် ၎င်းတို့ အမည်မသိ လူ ၄ ဦးထံမှ တစ်ဦးလျှင် ကျပ် ၁၉၀,၀၀၀ (တစ်သိန်းကိုးသောင်း) မှ ကျပ် ၃၀၀,၀၀၀ (သုံးသိန်း) အထိ ပေးဆောင်ခဲ့ရပြီးဖြစ်ကြောင်း သိရသည်။

“တခြားရွာက လူတွေကော အလိမ်ခံရတယ်။ ဖတ်ကွန်ရွာက တစ်ယောက်ဆို ၃ သိန်းပေးရတယ်။ တချို့လည်း ၁ သိန်း ၉ သောင်း လောက်ပေးရတာလည်း ရှိတယ်။ သူတို့က ဘယ်ကနေလာမှန်း မသိဘူး။ သတိထားကြပါ “ ဟု ၎င်းအထက်ပါ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းတွင် အများစုသည် လိမ်ညာမှု လိမ်လည်မှု နည်းမျိုးစုံဖြင့် ငွေကြေးရှာဖွေလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...