Thursday, February 12, 2026

WFP တံဆိပ်မလျော်ကန် အသုံးပြုအပေါ် စိစစ်ရန် သက်သေအထောက်အထားပို့ပေးရန်

မတ်လဆန်းပိုင်းတွင် သျှမ်း – ကယားနယ်စပ်တလျောက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ စားနပ်ရိက္ခာတင်ပို့ရာတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီစဉ် (WFP) ၏ တံဆိပ်ဖြင့် တင်ပို့နေလျက်ရှိကြောင်း သတင်းများ ပြန့်နှံ့ ခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီစဉ် (WFP) ၏ ယာဥ်တန်းကား

ထိုသတင်းသည် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း သတင်းဓာတ်ပုံ သက်သေ အထောက်အထားမရှိသည့် အတွက်ကြောင့် WFP အဖွဲ့မှ စိစစ်ရန် ခက်ခဲကြောင်း သိရသည်။

ထိုကြောင့် စစ်ကောင်စီမှ WFP တပ်ဖွဲ့ဖြင့် တင်ပို့နေသည့်ကားများကို တွေ့ရှိပါက ဓာတ်ပုံ နှင့် တကွ အကြောင်းကြားရန် WFP က တောင်းဆိုလိုက်သည်။

“ လတ်တလော ဆိုရှယ်မီဒီယာမှာ အတည်မပြုနိုင်တဲ့ သတင်းတွေ ပြန့်နေပေမယ့်လည်း ကမ္ဘာ့စားနပ် ရိက္ခာ အစီအစဥ် (WFP) နဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ အဖွဲ့အစည်းတံဆိပ်တွေ ဒါမှမဟုတ် ပစ္စည်းတွေကို မလျော်ကန်ပဲ အသုံးပြု ထားကြောင်း ခိုင်လုံတဲ့ အထောက်အထား တစ်ခုခုကို ကျနော်တို့ အနေနဲ့ အခုချိန်ထိ မတွေ့ရသေးပါဘူး။ မလျော်ကန်ပဲ အသုံးပြုထားကြောင်း သက်သေ အထောက်အထား တစ်စုံတစ်ရာရှိခဲ့တယ်ဆိုရင် ကျနော်တို့အနေနဲ့ အမြန်ဆုံး သေသေချာချာ စိစစ်နိုင်ဖို့အတွက် ဆက်သွယ်ပေးပို့ ပေးစေလိုပါတယ်” ဟု WFP က တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ် ဧပြီလပိုင်းတွင် ပဲခူးတိုင်းထဲ၌ WFP တံဆိပ်တပ်ကားဖြင့် စစ်ကောင်စီတပ်မှ ရိက္ခာများ သယ်ယူပေးနေသည်ဟု သတင်းဌာနများက သတင်းရေးသား ဖော်ပြခဲ့သေးသည်။

ထို့ကြောင့် WFP တံဆိပ်ကို မလျော်ကန်ဘဲ အသုံးပြုနေသည်ကို တွေ့ရှိပါက စိစစ်နိုင်ရန်အတွက် သက်သေ အထောက်အထားအဖြစ် အီးမေးလ်လိပ်စာ [email protected] ကို ဆက်သွယ်ပေးပို့ရန်လည်း တိုက်တွန်းထားသည်။

အလားတူ စစ်ကောင်စီက သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်းသို့ စားနပ်ရိက္ခာတင်ပို့ရာတွင် ပင်လောင်းမြို့မှ တစ်ဆင့် WFP တံဆိပ်ပါသည့် ကားဖြင့် တင်ပို့နေလျက်ရှိကြောင်း စုံစမ်းသိရှိထားရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကာလအတွင်း တိုက်ပွဲကြောင့် မြန်မာနိုင်ငံတွင်း ဒေသခံ ၁.၆ သန်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း WFP ထံက သိရှိရသည်။

၂၀၂၂ ခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ပဋိပက္ခဒဏ်ခံရသူ နှင့် နေရပ်စွန့်ခွာနေထိုင်ရသူ ဦးရေ အနည်းဆုံး ၄၄ သိန်းကို စားနပ်ရိက္ခာနဲ့ အာဟာရ၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ အရေးပေါ် အမိုးအကာအကူအညီများ၊ အိမ်သုံးပစ္စည်းအထောက်အပံ့များ၊ ရေ နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အကူအညီများနှင့် ပညာရေးဆိုင်ရာ အကူအညီများ ပေးခဲ့ကြောင်း WFP က ဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

WFP က စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

0
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က စစ်ကောင်စီထံမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ ရေဘေးဒဏ်ခံစားရသော လူပေါင်း ၅ သိန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် KO Thet ချန်နယ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး“နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော...

WFP ပေးသည့်ဆန် စားရန်အဆင်မပြေ စစ်ရှောင်များ ဒေသထွက်ဆန်ဖြင့် လဲလှယ်ပြီး စားနေရ

0
ကမ္ဘာ့ကုလသမဂ္ဂ UN ထောက်ပံ့သည့် WFP တံဆိပ်ပါသည့် ဆန် သည် အရည်အသွေးကြောင့် ကရင်နီ စစ်ရှောင်များ စားသုံးရန် ခက်ခဲသဖြင့် ပြန်လည်ရောင်းပြီး ဒေသထွက် ဆန်များကို ဝယ်ယူ စားသုံးရကြောင်း သိရသည်။ ကရင်နီ (ကယားပြည်) စစ်ဘေး ဒုက္ခသည်များအတွက် ပြီးခဲ့သည့် ဇူလိုင်လပိုင်း က...

စစ်ရှောင်ကိုထောက်ပံ့ပေးထားတဲ့ WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေ

0
သျှမ်းပြည် နှင့် ကရင်နီပြည်နယ်စပ် တစ်လျှောက်ရှိ စစ်ရှောင်များနှင့် ကရင်နီဘက်မှ စစ်ရှောင်များအတွက် ထောက်ပံ့ပေးထားသည့် WFP တံဆိပ်ဆန်အိတ်များ ဈေးကွက်အတွင်း တွေ့ရှိနေရကြောင်း စုံစမ်းသိရသည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြင့် စစ်ရှောင်များအတွက် ထောက်ပံ့ပေးထားသည့် WFP တံဆိပ် ပါ UN ဆန်အိတ်များသည် ဖယ်ခုံမြို့ပေါ် ဆန်အရောင်းဆိုင်များတွင် တစ်အိတ်နှုန်း...