မြန်မာ-တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ် တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများတင်သွင်းခွင့်ပြု

သျှမ်းပြည် မူဆယ်ခရိုင် မြန်မာ- တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်တွင် တရုတ်နိုင်ငံမှ တရားမဝင် ကုန်ပစ္စည်းများကို မူဆယ်မြို့ အခွန်ကောက်ဦးစီးဌာနက အခွန်ကောက်ယူပြီး တင်သွင်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။

မူဆ​ယ် ကျင်ဆန်ကျော့နယ်စပ်ဂိတ်

အဆိုပါ တရားမဝင် ကုန်ပစ္စည်းများဖြစ်သည့် ဘီယာ၊ စက်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် စားသောက်ကုန် ကျန်းမာရေး စစ်ဆေးထောက်ခံချက် (FDA) လက်မှတ်မရှိသေးသည့် စားသောက်ကုန်များ အချိုရည်များကို ကျင်ဆန်ကျော့ဂိတ်မှ မူဆယ်မြို့သို့ တိုက်ရိုက်တင်သွင်းကြောင်း သိရသည်။

ထိုတရားမဝင် တိုက်ရိုက်တင်သွင်းသည့် အခွန်များကို မူဆယ်မြို့ အခွန်ကောက် ဦးစီးဌာနမှ ဦးစီးမှူး နှင့် မြို့နယ်မှူးတို့က ကိုယ်ကျိုးအတွက် ကောက်ယူနေကြောင်း ကုန်သည်ဒေသခံ များပြောပြချက်အရ သိရသည်။

“ ဘီယာကားတစ်စီး ဆို သိန်း ၃၀ လောက်ပေးရတယ်။ ဆိုင်ကယ်တစ်စီးဆိုလည်း ၂၅ သိန်းတဲ့။ ကုန်စုံကားဆိုရင်လည်း သိန်း ၂၀ ကနေ ၃၀ ထိပေးရတယ် ။ FDA လက်မှတ်မရသေးတဲ့ ကုန်ပစ္စည်းတွေလည်း တင်ပို့နေကြသေးတယ်။ ဘီယာတွေ ၊ အချိုရည်တွေဖြစ်တယ် ကျမတို့လည်း ကုန်သည်တွေပဲ။ ပြီးတော့ ကျင်ဆန်ကျော့ ကနေ မူဆယ်ကို တိုက်ရိုက်ပို့တာ ။ အဲ့လိုပို့တာ ကျင်ဆန်ကျော့မှာ အခွန်ဆောင်ရတယ်။ အဲ့အခွန်တွေကို အခွန်ကောက် ဦးစီးဌာနက ဦးစီးမှူး နဲ့ မြို့နယ်မှူးတို့က ကိုယ်ကျိုးအတွက် သုံးကြတာ” ဟု မူဆယ်မြို့ ကုန်သည် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နယ် အခွန်ကောက် ဦးစီးဌာနမှ မြို့နယ်မှူး သည် ဦးအောင်မျိုးဌေး (လ/ထ) ညွှန်မှူး ဖြစ်ပြီး ဦးစီးအရာရှိသည် ဦးကျော်ကျော်လွင် ဖြစ်ကြောင်း သိရသည်။

ကျင်ဆန်ကျော့ ဂိတ်

အထက်ပါ ကိုယ်ကျိုးအတွက် အသုံးပြုအခွန်ကောက်နေသည်ကိုလည်း ကုန်သည်များက နေပြည်တော် အခွန်ရုံးသို့ စာတင်ထားသော်လည်း ထိရောက်စွာ အရေးယူမှု မရှိကြောင်း သိရသည်။

“ နေပြည်တော်ထိ စာ ၂ ခါတင်ပြီပြီး။ သူတို့ထိရောက်အောင် အရေးမယူပေးဘူး ။ လာကြည့် လာစစ်ဆေးပြီးတော့ပဲ ပြန်သွားတာ။ အခုချိန်ထိ ဘာမှမလုပ်ဘူး “ ဟု ၎င်းကုန်သည်က ပြောသည်။

ပုံမှန်အားဖြင့် ကျင်ဆန်ကျော့ဂိတ်မှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများကို ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် မူဆယ်မြို့တွင်းသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျင်ဆန်ကျော့ဂိတ်မှ မူဆယ်မြို့သို့ တိုက်ရိုက်ပို့ဆောင်ရာတွင် ကုန်တင်ပို့ခ အခွန်ကောက်သည့်အပြင် အခွန်ကောက် ဦးစီးမှူးအရာရှိတို့ကိုလည်း ငွေပေးဆောင် ရကြောင်း ကုန်သည်အမျိုးသမီးက ပြောသည်။

ကျင်ဆန်ကျော့

“ မြို့နယ်အခွန်ဦးစီးမှူးတွေက တရုတ်နိုင်ငံက ဝင်လာတဲ့ ကုန်တွေကို ၁၀၅ မိုင်မှာ အခွန်မပေးခိုင်းဘဲ ကျင်ဆန်ကျော့မှာပဲ အခွန်ကောက်ပြီး မူဆယ်မြို့ထဲ တန်းဝင်ခိုင်းတာ။ အဲ့ဒီမှာ နိုင်ငံတော်အခွန်လည်း ဆောင်ရတယ်။ သူတို့ကိုလည်း ထပ်ပေးရတယ်။ အခု ကျင်ဆန်ကျော့ က ထွက်လာတဲ့ ကုန်တွေ အားလုံးက မူဆယ်ထဲ တိုက်ရိုက်ဝင်တယ်” ဟု ကျင်ဆန်ကျော့ဂိတ်တွင် နေထိုင်သည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

တရားမဝင် ကုန်ပစ္စည်းများကို တင်သွင်းရာတွင် ကျင်ဆန်ကျော့ဂိတ်မှ အခွန်ပေးဆောင်ရပြီး ကားတစ်စီးတွင် ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး သိန်း ၃၀ အထက်ပေးဆောင်ရကြောင်း သိရသည်။

ထိုသို့ အခွန်အများပြားပေးဆောင်ရသည့်အတွက်ကြောင့် ကုန်သည်များအတွက် ခက်ခဲနေကြောင်း သိရသည်။

တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးဖြစ်သော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၂၀ -၂၁ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၀ အထိ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၄၂၄ သန်းသာ ရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...