ပင်လောင်းမြို့နယ်တွင်း တိုက်ပွဲရက်ရှည်ကြာလာသည့်အတွက် PDF များ လက်နက်ခဲယမ်းခက်ခဲနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တွင်း တိုက်ပွဲရက်ရှည် ကြာလာသည့် အတွက်ကြောင့် PDF များ လက်နက် အခက်ခဲ ရှိလာကြောင်း စုံစမ်းသိရှိရသည်။

လက်နက်များ

၃ လ နီးပါး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ် နယ်စပ် တောင်စလုံး နှင့် မြောက်စလုံးဘက်တွင် ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

“အခုချိန်ထိတော့ တိုက်ပွဲတွေ ဖြစ်ပွားနေသေးတယ်။ ကျနော်တို့ တိုက်ပွဲမှာတော့ အခက်ခဲတွေက လက်နက်တွေ အခက်ခဲဖြစ်တာပေါ့။ ရက်ကြာလာတော့ လက်နက်တွေလည်း လုံလောက်မှု မရှိတော့ဘူး။ ဒါတော့ တကယ့်အခက်ခဲဖြစ်နေတာပေါ့” ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF – KK သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်း က ပြောသည်။

ထိုသို့ လက်နက်ခဲယမ်း လုံလောက်မှု မရှိသည့်အတွက်ကြောင့် တော်လှန်ရေး တပ်ဖွဲ့များအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ထိုအပြင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ NUG အစိုးရအနေဖြင့်လည်း လက်နက်အပြည့်အဝ ထောက်ပံ့ပေးမှု မရှိကြောင်း ဖယ်ခုံမြို့နယ်တွင်း လှုပ်ရှားသည့် PDF တပ်ရင်းတစ်ခုက ပြောသည်။

“ ကျနော်တို့ကလည်း လက်နက်အတွက် အဓိက ခက်ခဲတာပေါ့။ ကျနော်တို့ တပ်ဖွဲ့က NUG လက်အောက်ခံက ဖြစ်တယ်။ ဒါမဲ့ သူတို့လက်နက် အပြည့်ဝ ထောက်ပံ့ပေးတာမရှိဘူး။ ကျနော်တို့ ဒီမှာ တိုက်ပွဲတကယ် ဖြစ်နေတဲ့နေရာကိုလည်း လက်နက်အပြည့်ဝ ထောက်ပံ့ပေးဖို့ ပြောချင်တယ်” ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ် တောင်စလုံး မြောက်စလုံး တိုက်ပွဲထဲတွင် KNDF Bo 11 တပ်ရင်းမှူး တိုက်ပွဲတွင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။

ကျဆုံးသွားတဲ့ KNDF Bo 11 တပ်ရင်းမှူး

“ ဟုတ်တယ်။ စိတ်တော့ မကောင်းဘူးပေါ့။ ကျနော်တို့လည်း မဟာမိတ်တပ်ဖွဲ့တွေပဲ။ ကျနော်တို့ တိုက်ပွဲကာလ အတွင်းမှာ ဘယ်သူဘာဖြစ်မလဲ ၊ ဘာတွေဖြစ်မလဲဆိုတာလည်း မသိနိုင်ဘူးလေ။ အခုလို ဖြစ်သွားတော့လည်း ကျနော်တို့ကနေ ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ရှေ့ဆက်ပြီး ပိုပြီးတော်လှန်သွားမှာပါ” ဟု ခွန်ဗွေဟုန်းက ပြောသည်။

စစ်ကောင်စီသည် ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်ကြားကို စစ်ရေး ပိုမိုပြင်းထန်လာခဲ့ပြီး ယခုနေ့စဉ် တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး နှင့် လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် ပင်လောင်းမြို့နယ်တွင် ပြည်သူ နေအိမ် (၃၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...