တစ်နိုင်ငံလုံးက ကုသိုလ်အမျှ ပဇီကြီးမှ ရပါစေ

နိဒါန်း

ကျား – ၁၁၈ ဦး၊

မ – ၄၆ ဦး၊

ကျား/မခွဲခြားမရ – ၄ ဦး၊

စုစုပေါင်း ၁၆၈။

အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်နေရာတည်း၊ တစ်ချိန်တည်း တွင် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသော အရပ်သားပြည်သူများ၏ စာရင်းဖြစ်သည်။

နေရာအနှံ့ ကြဲပြန့်နေ သော ခန္ဓာကိုယ်အပိုင်းအစများကို ကောက်ယူထုံးဆက်ခဲ့ရသည့်အတွက် တချို့က ကျား-မခွဲခြားနိုင်ရန်ပင် ခက်ခဲသွားခဲ့ရသည်။ ကလေးငယ်များ၊ ကိုယ်ဝန်‌ဆောင်မိခင်များအပါအဝင် အသက်အရွယ်ခွဲခြားမရနိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများလည်း တွေ့ရှိခဲ့ရသည်။

ပဇီကြီးကျေးရွာ

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ် ကောင်စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသော အရပ်သားပြည်သူများ အစု လိုက် အပြုံလိုက်သေဆုံးခဲ့ရမှုအား လေ့လာမှတ်တမ်းပြုတင်ပြသွားပါမည်။

ဖြစ်စဉ်

၂၀၂၃ခုနှစ် ဧပြီလ ၁၁ ရက်၊ နံနက် ၇နာရီ ၄၅မိနစ်ခန့်အချိန်၊ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအုပ်စု ပဇီကြီးရွာအား အာဏာသိမ်းစစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက် ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသူပေါင်း ၁၆၈ ဦးရှိခဲ့သည်။

ထိုအထဲ အသက် (၅)နှစ်အောက် ကလေးငယ် ၆ ဦး၊ အသက် (၅)နှစ်မှ (၁၄)နှစ်အကြား ကလေးငယ် ၁၉ ဦး၊ အသက် (၁၄)နှစ်မှ (၁၈)နှစ်အကြား ကလေးငယ် ၅ ဦး၊ အသက်အရွယ်ခွဲခြားမရသည့် ကလေးငယ် ၁၀ဦး၊ အသက် (၁၈)နှစ်အထက် လူကြီး ၉၇ ဦး နှင့် အသက်ခွဲခြားမရသည့် လူကြီး ၃၁ ဦး ပါဝင်ကြောင်း ဧပြီလ ၁၆ ရက်တွင် အမျိုး သားညီညွတ်ရေးအစိုးရ (NUG)က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ အကြီးစားကုသမှု ခံယူနေရသူ (၁၆)ဦး ရှိနေပြီး အသက် (၈)နှစ်အရွယ်ကလေးငယ် အပါအဝင် (၁၈)နှစ်အောက် ကလေး ၅ ဦးနှင့် အသက် (၁၈)နှစ်အထက် လူကြီး ၁၁ ဦးပါဝင်နေသည်ကို တွေ့ရပါသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ၁၆၈ ဦးထဲတွင် ရပ်ရွာအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ထမ်း ဆောင်နေသူ ၁၂ ဦး၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ထမ်းဆောင်နေသူ ၂ဦးနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ထမ်းဆောင်နေသူ ၄ ဦး စုစုပေါင်း ၁၈ ဦးပါဝင်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေ ဘုန်းလတ်က ပြောဆိုထားပါသည်။

ဗုံးကြဲ သေဆုံးစာရင်း

ဆက်စပ်သတင်းဖြစ်စဉ်များ

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ ရပ်စက်သော အစုလိုက်အပြုံလိုက်သတ်ဖြစ်မှုဖြစ်စဉ်အတွင်း အရပ်သား ပြည်သူများ၏ ရုပ်အလောင်းများ ကောက်ယူစာရင်းပြုခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများအား လေကြောင်းမှတဆင့် ခြိမ်းခြောက်တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းများပြုလုပ်နေသဖြင့် ရုပ် အလောင်းများအား သင်္ဂြိုလ်နိုင်ခြင်းမရှိခဲ့ကြောင်း ဧပြီလ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် ကူညီကယ်ဆယ်ရေးလုပ် ဆောင်နေသူတစ်ဦးက ပြောပါသည်။

ဧပြီလ ၁၃ ရက်တွင်ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတွင်တော့ ပဇီကြီးရွာ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အား ဆွေးနွေးခဲ့ကြသည်။

သို့သော် မြန်မာအာဏာ သိမ်းစစ်ခေါင်းဆောင်နှင့် အလွမ်းသင့်သော ရုရှားနိုင်ငံက အလှည့်ကျဥက္ကဌတာဝန်ယူထားသည့် ကုလလုံခြုံ ရေးကောင်စီသည် အရပ်သားပြည်သူပေါင်း ရာနှင့်ချီကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အ ပေါ် ကန့်ကွက်ရှုတ်ချရန်ပင် ပျက်ကွက်ခဲ့သည်ကို တွေ့ရပါသည်။

ပဇီကြီး

“လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို ရှုတ်ချရမယ်လို့ ကျွန်မတို့ယူကေနိုင်ငံက ယုံကြည်ပါတယ်။ လုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရေး တောင်းဆိုဖို့လည်းလိုပါတယ်။ ဒါပေမဲ့ ဒီနေ့ ရှုတ်ချဖို့ ဆုံးဖြတ်ချက်မချနိုင်ပါဘူး။ ဒီလိုမချနိုင်တဲ့အပေါ် ကျွန်မတို့ တော်တော်စိုးရိမ်ပါတယ်”ဟု ဗြိတိန် နိုင်ငံဆိုင်ရာသံအမတ် Barbara Woodward က မှတ်ချက်ပြုခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်၏ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်သည် အရပ်သားပြည်သူများအား ရည် ရွယ်ချက်ရှိစွာ တမင်ပစ်မှတ်ထားခြင်းဖြစ်သဖြင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြကာ ကနေဒါနိုင်ငံနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတို့က ထုတ် ပြန်ရှုတ်ချခဲ့ကြပါသည်။

ထို့အပြင် အမေရိကန်၊ နော်ဝေ၊ ဥရောပသမဂ္ဂ(EU) နှင့် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားတို့ကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြသည်ကို တွေ့ရပါသည်။

ပဇီကြီးရွာနှင့် ၄ မိုင်အကွာရှိ မလည်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကမူ ၎င်းတို့၏ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုဖြစ်စဉ်အား မှတ်တမ်းမကျန်စေရေးအတွက် ဧပြီ ၁၉ ရက်၊ မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် အင် အား (၃၀၀) ခန့်ဖြင့် ပဇီကြီးရွာအတွင်း ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပါသည်။

ထို့အ ပြင် ပဇီကြီးရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်များ ကင်းပုန်းဝပ် ဖြန့်ကြပ်ထားခြင်းနှင့် စစ်ကြောင်းထိုး လာခြင်းတို့ကြောင့် ပဇီကြီးရွာအပါအဝင် အနီးအနားရှိ မဲဇတော်၊ ရွာသာယာ၊ ထန်းတော၊ ချောင်းသာ၊ ချောင်းမ ကြီး စသည့် ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ သည်။

သုံးသပ်တင်ပြချက်

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း အရပ်သားပြည် သူသေဆုံးမှု အများဆုံးအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စု၏ အယုတ်ညံ့ဆုံး လုပ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်စဉ်များကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ အနန့်ပါဖြစ်စဉ်၊ စစ်ကိုင်း တိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ လက်ယက်ကုန်းရွာစာသင်ကျောင်းဖြစ်စဉ်တို့သည် သိသာထင်ရှားသော စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများဖြစ်သကဲ့သို့ ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း များအား ပစ်မှတ်ထားကာ မကြာခနဆိုသလို လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း တွေ့ရှိရပါ သည်။

ပဇီကြီး

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ထိန်းချုပ်နိုင်စွမ်းမရှိတော့သည့် ဒေသများအတွင်း ကျေးရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးအကာအကွယ်ယူ ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ ရပ်စက်ကြမ်းကြုတ် မှုများကို ပြသကာ ပြည်သူလူထုအကြား စိတ်ဓာတ်စစ်ဆင်းခြင်း၊ သတင်းအမှားများ ထုတ်ကာ ဝါဒဖြန့်ခြင်းတို့ ကို စနစ်တကျ လုပ်ဆောင်လေ့ရှိပါသည်။

ဆိုခဲ့ပါ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကိုလည်း အမျိုး သားညီညွတ်ရေးအစိုးရ၏ ဌာနချုပ်တည်ဆောက်ရန် လုပ်ဆောင်ခြင်းကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက် ခြင်း ဖြစ်ကြောင်း ဧပြီလ ၁၃ ရက်တွင် စစ်ကောင်စီက သတင်းထုတ်ဝါဒဖြန့်ခဲ့ပါသည်။

နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည့် NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO)များ၊ မြို့ပြဒေသအလိုက် PDF – LDF များ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သော သပိတ်အင်အားစုများနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးသည် အရပ်သားပြည်သူပေါင်း ၁၆၈ ဦးသေဆုံးခဲ့ရသည့် ပဇီကြီး ရွာလေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြောင်းကို ပုံသဏ္ဍာန်မျိုးစုံဖြင့် ပြသခဲ့ကြသည်။

တုန်လှုပ် ခြောက်ခြားဖွယ်ကောင်းသော အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် များသည် ၎င်းတို့အတွက် အမြတ်အစွန်းထွက်ရှိသွားသည်ကို မတွေ့ရဘဲ နွေဦးတော်လှန်ရေးအင်အားစုများ အချင်းချင်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်များကိုသာ ပိုမိုတိုးပွားလာသည်ကို တွေ့ရှိရပါသည်။

ပိုမိုထူးခြား သည်ကမူ မြန်မာပြည်သူလူထု၏ အမုန်းတရားသည် အာဏာသိမ်းစစ်အုပ်စုအပေါ် ထုထည်ပိုမိုကြီးမားသွား စေသည်ဟု ဆိုရပါမည်။

မြန်မာပြည်သူလူထုသည် နေ့စဉ်နှင့်အမျှ အကြမ်းဖက်လုပ်ရပ်များအား ပုံသဏ္ဍာန်မျိုးစုံဖြင့် ကျူးလွန်ခွင့်ရရှိနေ သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းစစ်အုပ်စုအပေါ် ဖိအားပေးချဉ်းကပ်နေကြသော ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၏ လုပ်ဆောင်ချက်များကို အားမလိုအားမရဖြစ်နေကြပြီ ဖြစ်သည်။

ထို့ အတူ အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ကြေညာထားသော NUG အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများ၏ အချင်းချင်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ အန္တရယ်မှ အကာအကွယ်ပေးနိုင်မှုကို မေးခွန်းထုတ်လာနေသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ပဇီကြီးရွာဖြစ်စဉ်ကဲ့သို့သော စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ထပ်မံမကြုံတွေ့စေရေးသည် နွေဦးတော်လှန်ရေးအင်အားစုတစ်ခုချင်းစီက ချဉ်းကပ်ဖြေရှင်းရမည့် ပုဒ်စာတစ် ခုဖြစ်နေပါသည်။

တစ်ဖက်တွင်လည်း ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုကဲ့သို့သော အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များအတွက် တရားမျှတမှုရရှိဖွေနိုင်ရေး ပြင်ဆင်ရမည်ဖြစ်ကြောင်း ရှုမြင်မိပါသည်။

ဧပြီလ ၁၇ ရက်၊ မြန်မာသက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုများ တွင်တော့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ကျဆုံးအရပ်သား ပြည်သူများအား ရည်စူးကာ ကောင်းမှုကု သိုလ်ပြုခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

“တစ်နိုင်ငံလုံးက ကုသိုလ်အမျှ ပဇီကြီးမှ ရပါစေ” ဟူ၏။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၀၀ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...