လဲချားတိုက်ပွဲအတွင်း သျှမ်းစာသင်ကျောင်း (၂၀) စာသင်ခွင့်မရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် နွေရာသီ သျှမ်းစာသင်ကျောင်း ၂၀ နီးပါး စာသင်ခွင့်မရကြောင်း စုံစမ်းသိရသည်။

Photo: သံဃာတော် (ပိတ်သွားသည့် နွေရာသီ သျှမ်းစာသင်ကျောင်းရှေ့)

ပြီးခဲ့သည့် မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် လဲချားမြို့နယ်မှ မြို့နယ် သံဃာတော်အဖွဲ့များ ဦးဆောင်ကာ နွေရာသီ သျှမ်းစာသင်တန်း နှင့် ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်း စာမေးပွဲ ပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ၁၇ ကျောင်းသည် တိုက်ပွဲကြောင့် စာဖြေမှု မပြုလုပ်နိုင်ခဲ့ကြောင်း သင်တန်း တာဝန်ရှိသူ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ် စာမေးပွဲကို ဖြေဆိုတဲ့ ကျောင်းပေါင်း ၆၅ ကျောင်း ရှိပါတယ်။ ၁၇ ကျောင်းကတော့ တိုက်ပွဲတွေကြောင့် ပျက်ကွက်ခဲ့ရတယ်၊ အဲ့ ၁၇ ကျောင်းက ကျောင်းသား/သူ ၄၈၇ ဦးက လည်း ပညာသင်ခွင့် ဆုံးရှုံးခဲ့ရတာပေါ့၊ ဒါက တိုက်ပွဲကြောင့် ပျက်ကွက်ခဲ့ရတာတွေပါ” ဟု ဦးဇင်း ကောစန္လက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သျှမ်းစာသင်တန်း နှင့် ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာ စာမေးပွဲသည် လဲချားမြို့နယ် အတွင်း ကျင်းပပြုလုပ်သည့် ၂၇ ကြိမ်မြောက် စာမေးပွဲဖြစ်ပြီး ၁၇ ကျောင်းသည် တိုက်ပွဲကြောင့် စာမေးပွဲ မကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာမေးပွဲ မကျင်းပနိုင်ခဲ့သည့် စာသင်ကျောင်း ၁၇ ကျောင်းတွင် စိကျော့ကျေးရွာ (ဝၢၼ်ႈၸိၸေႃ့)၊ ကုန်ယိန်းရွာ (ဝၢၼ်ႈၵုၼ်ယိူင်း) ၊ စလိုင်းလွယ်ရွာ (ဝၢၼ်ႈၸလၢႆးလွႆ) ၊ နောင်ကင်ရွာ (ရွာသစ်/ရွာဟောင်း) (ဝၢၼ်ႈၼွင်ၵိုၼ်ၵဝ်ႇ/မႂ်ႇ) ၊ ဖာမောင်ရွာ (ဝၢၼ်ႈၽႃဝွင်) ၊ မက်ကောက်ရွာ (ဝၢၼ်ႈမၢၵ်ႇၵွၵ်ႇ) ၊ ကုန်းမိုက်ဟိုင်းရွာ (ဝၢၼ်ႈၵုင်းမႆ့ႁႆး) ၊ မုံသျှမ်း (ဝၢၼ်ႈမူင်ႈသႅမ်း) ၊ ဝမ်ထီရွာ (ဝၢၼ်ႈထီႇ) ၊ ဟဲဆိုင်ရွာ (ဝၢၼ်ႈႁၢႆးသႅင်) ၊ ဝမ်ကုန်းစိမ်းရွာ (ဝၢၼ်ႈၵုင်းၸိင်း) ၊ ဝမ်လုက်ရွာ (ဝၢၼ်ႈလုၵ်း) စသည်တို့နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသမှ စာသင်ကျောင်းများ ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ဒေသမှ ကျောင်းသား / သူများကလည်း အသီးသီး စစ်ရှောင် ထွက်ပြေး နေရကြောင်းလည်း ဦးဇင်းက သျှမ်းသံတော်ဆင့်ကို ဆက်မိန့်သည်။

“တိုက်ပွဲဖြစ်တော့ ကလေးတွေကလည်း သူတို့ မိဘတွေနဲ့ စစ်ရှောင်ထွက်ပြေးသွားရတာပေါ့၊ တချို့ကလည်း ထိုင်းနိုင်ငံထိ ထွက်ပြေးသွားတာ ရှိနေတယ်၊ အဓိက ကတော့ တိုက်ပွဲကြောင့်ပေါ့နော်၊ တိုက်ပွဲကြောင့် ဒီကလေးတွေ စာသင်ခွင့်၊ စာဖြေခွင့်တွေ ဆုံးရှုံးရတာ” ဟု ဦးဇင်း ကောစန္လက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ်အတွက် သျှမ်းစာ နှင့် ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကို ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် စတင် ဖွင့်လှစ်လာခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၈၂ ကျောင်းရှိရာ၊ မိုင်းကိုင်မြို့၊ မိုင်းခွန်ကျေးရွာအုပ်စုမှ ၄ ကျောင်းနှင့် နမ့်စန်မြို့မှ နားပွဲကျေးရွာအုပ်စု၊ တွန်ဟုန်းကျေးရွာအုပ်စုတို့မှ ၄ ကျောင်း တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်မှ စတင်ကာ မေလ ၄ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ သည် လဲချားမြို့ အရှေ့ဘက်တွင် တစ်လ နီးပါး တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် စစ်ရှောင်နေရသည့် ဒေသခံများသည် နေရပ်မပြန်နိုင်သေးသည့် အပြင် စားနပ်ရိက္ခာများအတွက်လည်း ခက်ခဲနေကြကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...