Sunday, February 1, 2026

သိန္နီ အိုရီယမ်တယ် တိုးဂိတ်ရှိ ဝန်ထမ်းများကို ဓားပြတစ်စုက ဝင်တိုက်

သျှမ်းပြည် လားရှိုးခရိုင် သန္နီမြို့နယ် နမ့်စလပ်ကျေးရွာအထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်တွင် ဓားပြတိုက်တစ်စုက ဝန်ထမ်းများကို ဓားပြဝင်တိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သိန္နီ အိုရီယမ်တယ် တိုးဂိတ်

ပြီးခဲ့သည့် (မေလ ၃ ရက်) ညအချိန်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်ကို ဓားပြဝင်တိုက်သည့် အမျိုးသား ၈ ဦးက တိုးဂိတ်၌ အစောင့်တာဝန်ကျ အမျိုးသား ၂ ဦးအား ဓားဖြင့် ခြိမ်းခြောက် ငွေတောင်းယူခဲ့ရာ ထိုအစောင့်တာဝန်ကျ အမျိုးသား ၂ ဦးက မပေးသဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးကြိတ်ရိုက်နှက်ခဲ့ပြီးနောက် ၎င်းတို့မှ ကြောက်လန့်၍ မီးခံသေတ္တာအတွင်း သိမ်းဆည်းထားရှိသည့် လမ်းအသုံးပြုခ ကောက်ခံထားရသည့် ငွေ ကျပ်သိန်း ၄၀ ခန့်ကို ပေးလိုက်ရကြောင်း ဒေသခံတစ်ဦး ကပြောသည်။

“ ဟုတ်တယ်။ အဲ့ တိုးဂိတ်က အစောင့်တွေကို ဓားပြဝင်တိုက်တာ။ သိန္နီမှာကလေ သူခိုး၊ ဓားပြတွေ အရမ်းဆိုးနေတယ်။ ဆိုင်ကယ်ကို အိမ်ဝိုင်းထဲမှာ ထည့်လည်း ခိုးခံရတာပဲ။ ဘယ်သူ့မှ လုံခြုံရေး မလုပ် ပေးတော့ဘူး၊ ကိုယ့်ဟာကိုယ် လုံခြုံရေး ယူရတယ်။ လမ်းသွားလမ်းလာ ဖုန်းပြောရင်လည်း မရဘူး။ လုခံရတယ်။ ကားတောင် သော့တန်းလန်းနဲ့ ထားရင် သူခိုးတွေမောင်းသွားတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ အိုရီယမ်တယ်တိုးဂိတ်ကို ဓားပြတိုက်ဝင် အမျိုးသား ၈ ဦးက ဓားပြဝင်တိုက်ပြီးနောက် တွန်မုံကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သိန္နီမြို့အပြင် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ တန့်ယန့်း နှင့် တာချီလိတ် စသည့် မြို့များတွင်လည်း သူခိုး၊ ဓားပြ၊ ခိုးဆိုးလုယက်မှု၊ ဒုစရိုက်များလည်း ပေါများလာနေပြီး ဒေသခံများ၏ လုံခြုံမှု မရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...