သျှမ်း – ကယား နယ်စပ်ဒေသတွင် နေ့စဉ်နီးပါး စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲနေ

သျှမ်းပြည် တောင်ကြီးခရိုင် သျှမ်း – ကယား နယ်စပ်ဒေသ တလျောက်ရှိ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်း မြို့နယ်တွင် နေ့စဉ်နီးပါး စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဥ်

ယနေ့ (မေလ ၅ ရက်) နံနက်အစောပိုင်း ၄ နာရီခွဲမှစပြီး ၈ နာရီဝန်းကျင်အထိ ပင်လောင်း – ဖယ်ခုံ နယ်စပ်တလျောက်ရှိ ကျေးရွာများကို စစ်ကောင်စီမှ တိုက်လေယာဉ် ၄ စင်း အသုံးပြုပြီး ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့သည့်အပြင် အသေးစားဗုံးများကိုလည်း ဆက်စဉ်မပြတ် ဗုံးကြဲချ တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီမနက် ၄ နာရီခွဲကစပြီး ၈ နာရီထိုးတဲ့အထိ လိုက်ပစ်နေတယ်။ ဒီ တောင်စလုံးရွာဆို အိမ်ခြေတစ်လုံးက ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ရိုက်ထိပြီး မီးလောင်သွားတယ်။ တခြားအိမ်လည်း တော်တော်ထိခိုက် ပျက်စီးသွားတယ်။ လူနှစ်ယောက်ကတော့ ပေါင် (၅၀၀) ဗုံးရဲ့ ကျည်ထိပြီး သတိမေ့သွားတယ်လို့တော့ သိထားရတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရသူသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တပ်ဖွဲ့ဝင်နှစ်ဦးဟု သိရှိရသော်လည်း သျှမ်းသံတော်ဆင့်သတင်းဌာနမှ အတည်ပြုနေဆဲ ဖြစ်သည်။

စစ်ကောင်စီသည် အခုရက်ပိုင်းတွင် သျှမ်း – ကယားနယ်စပ် ဒေသတလျှောက်ရှိ စစ်ရှောင်စခန်း အပါအဝင် အရပ်သားများကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေသဖြင့် လုံခြုံရေးစိုးရိမ်နေကာ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေ ကြရကြောင်း သိရသည်။

“ အရင်တစ်ရက်၊ နှစ်ရက်ကလည်း လေယာဉ်က တောက်လျှောက်ဝဲနေတာ။ ဒီရက်မှ လာထုသွားတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ အဆက်အပြတ် ထုနေတော့ ကျနော်တို့ စစ်ရှောင်တွေကျ စစ်ရှောင်စခန်းမှာ လုံးဝ မအိပ်ရဲတော့ဘူး။ နေ့ဘက်၊ ညဘက် တောထဲတောင်ထဲကို ပြေးပြီး ပုန်းခိုနေကြရတယ်။ အကြောက်တရား ကတော့ အတော်ဖြစ်သွားတာပေါ့။ တံခါးပိတ်တာတောင်မှ ကြားရတယ်။ စိတ်ထဲမှာလည်း လက်နက်သံတွေ စွဲနေတယ် “ ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီသည် ဘဏ္ဍာရေးဖက်တွင်လည်း အင်အား လျော့နည်းလာနေသလို စစ်မြေပြင်တွင် အကျအဆုံး များလာသည့်အတွက် နောက်ဆုံး လေကြောင်းကို ပိုမိုအသုံးပြုလာခြင်း ဖြစ်သည်ဟု PNDF KK မှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားခဲ့သည်။

“သူတို့ကတော့ ဒါဘဲ ကျန်တော့တာ။ ဒါနဲ့ဘဲ သူတို့က တစ်ဖက်ကနေ လုပ်နေတာ။ သူတို့မှာလည်း ဒါတွေနဲ့ဘဲ အင်အားကြီး နေတယ်လေ။ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ သုံးတာကတော့ စကစ လုပ်နေတဲ့ အကွက်ပါပဲ။ သူတို့က ဒါတွေနဲ့ အင်အားကြီးနေရင် ဒါတွေနဲ့ဘဲ လုပ်မှာပဲ။ သုံးလို့မရတဲ့ အနေအထားမှာလည်း သူတို့က သုံးနေတယ် “ ဟု တာဝန်ခံတစ်ဦးက ပြောသည်။

သျှမ်း – ကယား နယ်စပ်ဒေသ တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပင် နှင့် နိမ့်နိန်း စသည့် ကျေးရွာမှ ပြည်သူ ၆ ထောင်ဝန်းကျင်သည် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းနေရဆဲဖြစ်သလို စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း လိုအပ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...