ပင်လောင်း – ဖယ်ခုံ တိုက်ပွဲ စစ်ကောင်စီ လေကြောင်းသုံးပြီး စစ်ရှောင်စခန်းများပါ တိုက်ခိုက်လာနိုင်ဟု PNDF KK ကအသိပေး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်း – ဖယ်ခုံ နယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် စစ်ရှောင်စခန်းများပါ တိုက်ခိုက်လာနိုင်ကြောင်း PNDF KK တာဝန်ခံတစ်ဦး အသိပေးချက်အရ သိရသည်။

PNDF KK

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်မှစပြီး ဖယ်ခုံမြို့နယ် ဆောင်းဖွေးဆေးရုံကို Mi 35 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၇ ရက်တွင် ဒီးမော့ဆို အနောက်ဖက်ခြမ်းဒေသရှိ စစ်ရှောင်စခန်းအပါအဝင် ဒေသခံ နေအိမ်ကိုလည်း လက်နက်ကြီး၊ တိုက်လေယာဉ်ဖြင့်ပါ စဉ်ဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

အလားတူ ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက်အစောပိုင်း ၅ နာရီအချိန်တွင်လည်း ပင်လောင်း – ဖယ်ခုံ နယ်စပ်ဒေသ ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်း အသုံးပြုပြီး တိုက်ခိုက်နေရာ အနီးအနား တဝိုက်ရှိ စစ်ရှောင်စခန်းတွေပါ တိုက်ခိုက်လာနိုင်သဖြင့် သတိပြု နေထိုင်ရန် PNDF KK မှ တာဝန်ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ဆိုးတယ်ဗျ။ ပြင်းထန်နေသေးတယ်။ ရန်သူဖက်ကလည်း အင်အားထပ်တိုးလာမယ့် အနေအထားတွေ ရှိနေတယ်။ မနေ့တုန်းကလည်း တောင်မဲသင်းဖက်မှာ သူတို့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေလည်း ရှိတယ်ဗျ။ ကျနော်တို့ ဒီဖက်က စစ်ရှောင်နေရာတွေမှာလည်း အဲ့လိုမျိုး သူတို့လုပ်လာနိုင်တဲ့ အနေအထားရှိတယ်ဗျ။ အခု ပင်လောင်း၊ ဖယ်ခုံဖက်မှာ တိုက်ပွဲ နေ့တိုင်း လိုလိုဖြစ်နေတာ ၂ လ ကျော်နေပြီ “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

PNDF KK

လက်ရှိ တိုက်ပွဲဖြစ်ပွားသည့် ပင်လောင်း – ဖယ်ခုံနယ်စပ်တွင် စစ်ကောင်စီဖက်မှ အကျဆုံးများသဖြင့် ဒီထက် အင်အားဖြည့်တင်းလာနိုင်ခြင်း ရှိသလို စစ်ရှောင်စခန်းတွေပါ တိုက်ခိုက်လာနိုင်သဖြင့် သတိပြုရန် ၎င်းက ထပ်လောင်း သတိပေးသည်။

“ ဘယ်အချိန်သေမယ်ဆိုတာ မသိရတဲ့ဘဝ မဟုတ်တော့ဘူး။ သိနေရတဲ့ ဘဝဖြစ်နေပြီ။ လောလောဆယ်တော့ သေမင်းလက်က ခဏသာလွတ်အောင် ပြေးနေရတာပေါ့ဗျာ “ ဟု ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် အရပ်သားများကို ကုသပေးနေသည့် ဆေးရုံ၊ ဆေးခန်းများအပေါ် (ဧပြီလ) အတွင်း လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု အရှိန်တိုးမြင့်လာကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH NUG) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အသုံးပြုပြီး ဆောင်းဖွေးဆေးရုံကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း တိုက်လေယာဉ်ဖြင့် (၅) ကြိမ်ထက်မနည်း ဗုံးသီး (၁၀) လုံးကျော် ပစ်ခတ်ခဲ့သောကြောင့် အသက် (၁၅) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးမီးဖွားပြီး (၂) ရက်သာရှိသေးသူ အသက် (၁၈) နှစ်အရွယ်ရှိ မပန်းလဲ့ဦး၏ ဦးခေါင်းဗုံးစ ဖောက်ဝင်ဒဏ်ရာ ရရှိပြီး အသက် အန္တရာယ်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...