သျှမ်း – ကယား နယ်စပ်ရှိ နာတာရှည် စစ်ရှောင်များ ကုသရန် ဆေးဝါးလုံလောက်မှုမရှိ

သျှမ်း – ကယား နယ်စပ်တလျောက်ရှိ နာတာရှည် ရောဂါ ခံစားနေသည့် စစ်ရှောင်များသည် ဆေးကုသရန် ဆေးဝါးလုံလောက်မှုမရှိသဖြင့် အသက်ဆုံးရှုံးသွားရသည့်အထိရှိကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်ပြည်သူများ

တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ သျှမ်း – ကယား နယ်စပ် ဒေသတလျောက် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ရှောင်များသည် ဆေးရုံ၊ ဆေးခန်း လက်လှမ်းမမှီကြသဖြင့် ဆေးဝါးကုသခွင့် မရှိကြကာ နှလုံးရောဂါ၊ သွေးတိုး နှင့် ဆီးချို စသည့် နာတာရှည်ရောဂါ ခံစားရသည့် စစ်ရှောင်များ ကျန်းမာရေး ကျဆင်းလာသည်။

အဆိုပါ နာတာရှည်ရောဂါ ခံစားနေသူ စစ်ရှောင်စခန်းတစ်ခုတွင် ၁၀ ဦးမှာ ၂ ဦး ခန့်ရှိနေပြီး ကုသရန်အတွက် ဆေးဝါးလုံလောက်မှုမရှိကြောင်း Mobye Rescue Team မှ ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ပြည်သူများ

“ နှလုံးရောဂါ၊ သွေးတိုး နဲ့ ဆီးချိုရောဂါ ခံစားနေတဲ့ သူတွေအတွက် တစ်လတစ်ကြိမ် ဆေးကုသပေးတယ်။ အဲ့လို နာဝာာရှည် ရောဂါတွေတော့ ၁၀ ယောက်မှာ ၂ ယောက်လောက်တော့ ရှိတယ်။ တချို့နေရာတွေတော့ တစ်လတစ်ကြိမ်တောင် ဆေးဝါးမကုသနိုင်ဘူး။ တောတောင်ထဲက စစ်ရှောင်ဆို ပိုဆိုးတယ်။ ဆေးဝါးလည်း မလုံလောက်၊ သူတို့ဆီကိုလည်း ပုံမှန်မသွားရဘူး “ ဟု ၎င်းက ပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် သျှမ်း – ကယား နယ်စပ်ဒေသတလျောက်ရှိ စစ်ရှောင်ရှောင်များသည်လည်း နှလုံးရောဂါ၊ သွေးတိုးနှင့် ဆီးချိုရောဂါ စသည့်နာတာရှည်ရောဂါတို့ကို ကုသရန် ဆေးဝါးအခက်ခဲရှိနေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ရှောင်များ

“ နာတာရှည် ရောဂါသည်တွေတော့ အနီးစပ်ဆုံး ဆေးခန်းတွေကိုပဲ အားကိုးရတယ်။ ဒီဖက်မှာ အခမဲ့ စနစ်နဲ့ မကုသ ပေးတော့ ကုန်ကျမှုရှိတယ်။ နယ်လှည့်ပြီး ဆေးဝါးကုသပေးတဲ့ အဖွဲ့စည်းရှိရင်တော့ ကုန်ကျမှု နည်းတာပေါ့။ လက်နက်ကြီး ထုခံရတဲ့ရွာဆို တချို့စစ်ရှောင်လာရင်း မကျန်းမမာ နှလုံးရောဂါနဲ့ ဆုံးပါးသွားတဲ့ သူလည်းရှိတယ်။ ဆေးရုံ၊ ဆေးခန်း မသွားနိုင်တော့ ရွာမှာရမ်းကုနဲ့ပဲ ကုသရတယ် “ ဟု ၎င်းက ပြောသည်။

ဆေးဝါးမလုံလောက်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ရှောင်များထဲမှ နာတာရှည်ရောဂါခံစားရသူ စစ်ရှောင် ၁၀ ဦးခန့် ဆေးဝါးလုံလောက်မှု မရှိသဖြင့် အသက်သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ် ကာလအတွင်း သျှမ်း – ကယား (ကရင်နီ) နယ်စပ်ဒေသတွင် ဆေးကုသရန် ခက်ခဲမှုကြောင့် စစ်ရှောင်ဦးရေ ၁၃၄ ဦး သေဆုံးပြီး၊ တိုက်ပွဲကြား သတ်ဖြတ်ခံရသူ ၃၁၃ ဦး ရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF မှ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...