Wednesday, January 28, 2026

နေပြည်တော် – ပင်လောင်း စစ်ကောင်စီမှ လမ်းဧရိယာ တိုးချဲ့မည်

နေပြည်တော် – ပင်လောင်းမြို့ထိ လမ်းဧရိယာ တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်သဖြင့် မလွှတ်ကင်းသည့် နေအိမ်များကို စစ်ကောင်စီမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။

ပေါင်းလောင်းမြို့

ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ လမ်းဦးစီးဌာနက လမ်းနယ်အတွင်း ဖယ်ရှားပေးရန် အကြောင်းနှင့် ပတ်သက်ပြီး စာစောင်ထုတ်ပြန်ခဲ့ကာ နေပြည်တော် ကင်းသာလမ်းခွဲကနေ ကိုးကွေ့၊ လိန်းလီ ပင်လောင်း လမ်းအထိ လမ်းဗဟိုမှ တစ်ဖက်လျှင် (၇၅) ပေထိ လမ်းဧရိယာ တိုးချဲ့ ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းဧရိယာကို တိုးချဲ့ဆောက်လုပ်မည် ဖြစ်သဖြင့် သတ်မှတ်ထားသည့် လမ်းဧရိယာထက် မလွှတ်သည့် နေအိမ်များကို စစ်တပ်မှ ဖယ်ရှားခိုင်းကြောင်း၊ ဖယ်ရှားခြင်း မရှိပါက လမ်းမကြီးများ၏ ဉပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ခုက ကိုးကွေ့နား ရောက်ပြီလို့ ပြောတယ်။ လမ်းဘေးက မလွတ်တဲ့ အိမ်တွေ၊ ဆိုင်တွေ ဖယ်ရမှာပေါ့။ ကျမတို့ ရွာမှာတော့ ဆယ်အိမ်ကျော်ကျော်တော့ ရှိမယ်။ သူတို့ အိမ်ရှေ့မှာ ဆိုင်ခန်းတွေလုပ်ပြီး အခန်းငှားစားတာ။ သူတို့ တကယ်ဖောက်လာရင်တော့ အခိုင်အမာ ဆောက်ထားတဲ့ နေအိမ်တွေ ပြန်ဖျက်ရမှာ ဒုက္ခရောက်ကုန်မှာပေါ့ “ ဟု ပေါင်းလောင်းဒေသခံ အမျိုးသမီးတစ်ဦး က ထပ်လောင်းပြောသည်။

စစ်ကောင်စီသည် နေပြည်တော် ကင်းသာလမ်းခွဲမှ ပင်လောင်းအထိ လမ်းဧရိယာ တိုးချဲ့ဖောက်လုပ်သွားမည် ဖြစ်ပြီး အဆိုပါ လမ်းဧရိယာကို အမှန်တကယ် တိုးချဲ့ဖောက်လုပ်သွားမည်ဆိုပါက ပေါင်းလောင်းရွာမှ နေအိမ် ၁၀ လုံးခန့်က ရွှေ့ပြောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် – ပင်လောင်းလမ်းသည် ယခင် အစိုးရလက်ထက် ဖောက်လုပ်ခဲ့ပြီး သျှမ်းပြည် နှင့် ကယားပြည် (ကရင်နီ) နယ်စပ် စစ်တပ်မှ ထောက်ပို့လမ်းကြောင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...