နေပြည်တော် – ပင်လောင်း စစ်ကောင်စီမှ လမ်းဧရိယာ တိုးချဲ့မည်

နေပြည်တော် – ပင်လောင်းမြို့ထိ လမ်းဧရိယာ တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်သဖြင့် မလွှတ်ကင်းသည့် နေအိမ်များကို စစ်ကောင်စီမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။

ပေါင်းလောင်းမြို့

ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ လမ်းဦးစီးဌာနက လမ်းနယ်အတွင်း ဖယ်ရှားပေးရန် အကြောင်းနှင့် ပတ်သက်ပြီး စာစောင်ထုတ်ပြန်ခဲ့ကာ နေပြည်တော် ကင်းသာလမ်းခွဲကနေ ကိုးကွေ့၊ လိန်းလီ ပင်လောင်း လမ်းအထိ လမ်းဗဟိုမှ တစ်ဖက်လျှင် (၇၅) ပေထိ လမ်းဧရိယာ တိုးချဲ့ ဖောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းဧရိယာကို တိုးချဲ့ဆောက်လုပ်မည် ဖြစ်သဖြင့် သတ်မှတ်ထားသည့် လမ်းဧရိယာထက် မလွှတ်သည့် နေအိမ်များကို စစ်တပ်မှ ဖယ်ရှားခိုင်းကြောင်း၊ ဖယ်ရှားခြင်း မရှိပါက လမ်းမကြီးများ၏ ဉပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ခုက ကိုးကွေ့နား ရောက်ပြီလို့ ပြောတယ်။ လမ်းဘေးက မလွတ်တဲ့ အိမ်တွေ၊ ဆိုင်တွေ ဖယ်ရမှာပေါ့။ ကျမတို့ ရွာမှာတော့ ဆယ်အိမ်ကျော်ကျော်တော့ ရှိမယ်။ သူတို့ အိမ်ရှေ့မှာ ဆိုင်ခန်းတွေလုပ်ပြီး အခန်းငှားစားတာ။ သူတို့ တကယ်ဖောက်လာရင်တော့ အခိုင်အမာ ဆောက်ထားတဲ့ နေအိမ်တွေ ပြန်ဖျက်ရမှာ ဒုက္ခရောက်ကုန်မှာပေါ့ “ ဟု ပေါင်းလောင်းဒေသခံ အမျိုးသမီးတစ်ဦး က ထပ်လောင်းပြောသည်။

စစ်ကောင်စီသည် နေပြည်တော် ကင်းသာလမ်းခွဲမှ ပင်လောင်းအထိ လမ်းဧရိယာ တိုးချဲ့ဖောက်လုပ်သွားမည် ဖြစ်ပြီး အဆိုပါ လမ်းဧရိယာကို အမှန်တကယ် တိုးချဲ့ဖောက်လုပ်သွားမည်ဆိုပါက ပေါင်းလောင်းရွာမှ နေအိမ် ၁၀ လုံးခန့်က ရွှေ့ပြောင်းခံရမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် – ပင်လောင်းလမ်းသည် ယခင် အစိုးရလက်ထက် ဖောက်လုပ်ခဲ့ပြီး သျှမ်းပြည် နှင့် ကယားပြည် (ကရင်နီ) နယ်စပ် စစ်တပ်မှ ထောက်ပို့လမ်းကြောင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...