ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံရေး နှင့် ပတ်သက်သူများကို နိုင်ငံကူးလက်မှတ် CI လုပ်မပေး ဟုဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကရင်နီ (ကယား) မှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ချိတ်ဆက်သူများဖြစ်ပါက နိုင်ငံကူးလက်မှတ် CI မလုပ်ပေးကြောင်း စုံစမ်းသိရသည်။

နိုင်ငံကူးလက်မှတ် CI

ပြီးခဲ့သည့် (ဖေဖော်ဝါရီလ) ပိုင်းမှစပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကို နိုင်ငံရေးအကြောင်း နှင့် ပတ်သက်ပြီး ကယားမှတ်ပုံတင် ၂/(နိုင်) ကိုင်ဆောင်သူများ အပါအဝင် PDF နှင့် ချိတ်ဆက်မှုရှိထားသူများ၊ လူမှုကွန်ရက် စာမျက်နှာ ပရိုဖိုင်းတွင် (လက်သုံးချောင်း) ထောင်ထားသူများ စသည့် နိုင်ငံရေးအကြောင်း နှင့် ပတ်သက်မှုရှိထားလျှင် နိုင်ငံကူးလက်မှတ်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်ခံလက်မှတ် CI စာအုပ်ကို မလုပ်ပေးတော့ကြောင်း နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသူများက သျှမ်းသံတော်ဆင့်ကို ပြောဆိုလိုက်သည်။

CI သည် ထိုင်းနိုင်ငံရောက်နေသည့် အထောက်အထားမဲ့ မြန်မာလုပ်သားများကို မြန်မာသံရုံးက ထုတ်ထားပေးသော စာအုပ်ဖြစ်သည်။

“ အရင်က CI လုပ်ရင် မှတ်ပုံတင်မရှိလည်း လုပ်လို့ရတယ်။ အိမ်ထောင်စု ဇယားသာရှိရင် အဲ့ဒီအိမ်ထောင်စု ဇယားထဲက နာမည်တွေကြည့်တယ်၊ စစ်ဆေးပြီး မေးတယ်။ အခုက မှတ်ပုံတင်မရှိရင် လုပ်မရတော့ဘူး။ မှတ်ပုံတင်က ကယားဘက်ကလာရင် လုံးဝကို မလုပ်ပေးဘူး။ သူတို့က လူကိုကြည့်ပြီး နိုင်ငံရေးအကြောင်း နဲ့ ပတ်သက်မှုရှိတဲ့သူလား ကြည့်တယ်။ ပတ်သက်လာရင်တော့ ဖုန်းတွေပါ စစ်ဆေးတယ် “ ဟု နိုင်ငံကူးလက်မှတ် လုပ်ဆောင်ပေးနေသူ စိုင်းမိန်း (အမည်လွှဲ) ကပြောသည်။

အဆိုပါ နိုင်ငံကူးလက်မှတ် CI လုပ်မပေးခြင်းကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားသည် အလုပ်ရှာဖွေခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ ခရီးသွားလာခြင်း နှင့် အလုပ်ပြောင်းရွှေ့ခြင်းတွင် အခက်အခဲရှိနေကြောင်း သိရသည်။

ထို့အပြင် သျှမ်း – ကယား (ကရင်နီ) နယ်စပ် ဆီဆိုင်မြို့နယ်အတွင်း နေထိုင်သူ ရွှေ့ပြောင်းအလုပ်သမားတစ်ဦး သည်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ဝရမ်းထုတ် စာရင်းထဲပါရှိနေသူဖြစ်သဖြင့် အဆိုပါ နိုင်ငံကူးလက်မှတ် CI ကဒ် လုပ်ဆောင်ထားချိန်မှာ ၁ နှစ်နီးပါးရှိပြီဖြစ်သော်လည်း မရသေးကြောင်း စိုင်းဖေမြင့် (အမည်လွှဲ) က ပြောသည်။

“ ပိုက်ဆံကတော့ သောင်းကျော်ကုန်ထားပြီ။ ကျနော်တုန်းက ဝရမ်းထုတ်ခံထားရတာဆိုတော့ အရင်က သံရုံး နဲ့ ချိတ်ဆက်ရမယ့်ဟာဆို မလုပ်ရဲဘူး။ မလုပ်ရင်လည်း နေလို့က အဆင်မပြေဘူး။ အခု ထိုင်းကလူ နဲ့ ချိတ်ဆက်ပြီးလုပ်တာ တစ်နှစ်တောင်ပြည့်တော့မယ် မရသေးဘူး။ သက်တမ်းက တိုးနေရပြီ “ ဟု စိုင်းဖေမြင့်က ပြောသည်။

ထိုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား နေထိုင်သည့် တိုက်ခန်းပေါ်မှ ထိုင်းအာဏာပိုင် ဝန်ကြီးဌာန ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးလျှင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း ၎င်းကဆက် ပြောသည်။

“ ထိုင်းအစိုးရလည်း မြန်မာနိုင်ငံ အခြေအနေကို သိနေတာပဲလေ။ မြန်မာလူထုအပေါ် နိုင်ငံကူးလက်မှတ် တင်မဟုတ်ဘဲ အလုပ်သမားကဒ်တွေ အစ ငဲ့ညှာပေးစေချင်တယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ယင်း နိုင်ငံကူးလက်မှတ် CI စာအုပ် သက်တမ်းကုန်မည့် အလုပ်သမားအတွက် ဖေဖော်ဝါရီလမှ မေလအထိ ၃ လ ဆက်လက်နေထိုင် အလုပ်လုပ်ခွင့်ပြုခဲ့ပြီး မေလ ၁၅ ရက် နောက်ဆုံးထား သက်တမ်းတိုးရမည် ဖြစ်ကြောင်း မြန်မာသံရုံးမှ ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...