သီပေါမြို့နယ် မီးလောင်သွားသည့် ဘုန်းကြီးကျောင်း ပြန်ဆောက်ရန် လောင်းကစားဖြင့် ရန်ပုံငွေရှာမည်

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ မီးလောင်သွားသည့် ဘုန်းကြီးကျောင်း ပြန်ဆောက်ရန် လောင်းကစားဝိုင်းဖြင့် ရန်ပုံငွေ ရှာမည်ဟု သတင်း သိရှိရသည်။

မီးလောင်သွားသည့် စံဖိတ်ဘုန်းကြီးကျောင်း

လောင်းကစားဝိုင်းသည် ယခုနှစ် မတ်လဆန်းပိုင်းတွင် မီးလောင်သွားသည့် စံဖိတ်ဘုန်းကြီးကျောင်းဝန်းထဲ၌ ကုန်းကင်း၊ လေးကောင်ဂျင်၊ ဖဲဝိုင်းများ စသည့် လောင်းကစားဝိုင်းများ အပါအဝင် လောင်းကစားဖွင့်လှစ်ဖို့ရန် အတွက်လည်း စစ်ကောင်စီမှ ခွင့်ပြုမည်ဟု သတင်းထွက်ပေါ်နေကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလကုန်ပြီးမှ စလုပ်မယ်လို့တော့ ပြောတယ်။ သီပေါမှာတော့ အများအားဖြင့် ကုန်းကင်း၊ လေးကောင်ဂျင်၊ ဖဲဝိုင်းတွေ ပါတယ်။ ဒီက လောင်းကစားဝိုင်း ဖွင့်ဖို့အတွက်လည်း စစ်ကောင်စီက ခွင့်ပြုထားတယ်။ တစ်လအတွင်း လုပ်သွားမယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကို သီပေါ၊ လားရှိုး၊ ကျောက်မဲ နှင့် နမ့်လန်မှ စီးပွားရေး သူဌေးပိုင်ရှင် (လောင်းကစား ဒိုင်) များက ဦးစီးပြီး ပြုလုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ကျောင်းထိုင် ဆရာတော်ကိုပါ အခွန်ဆောင်ထားကြောင်းလည်း သိရသည်။

“ လောင်းကစားဝိုင်း လုပ်တဲ့သူတွေက သီပေါ၊ လားရှိုး၊ ကျောက်မဲ နဲ့ နမ့်လန်က ဒိုင်တွေပါတယ်။ စစ်ကောင်စီကော၊ TNLA ကော၊ SSPP တွေကော အခွန်ဆောင်ထားတယ်။ ဘယ်လောက်ဆောင်ထားလဲတော့ သေချာမသိဘူး။ ဒါပေမယ့် ကျောင်းထိုင်ဆရာတော်ကိုတော့ ၅ ရက် ကနေ ၁၀ ရက်ကြားအထိ သိန်း ၃၀ ပေးလှူထားတယ်။ ဆရာတော် ကိုယ်တိုင်လည်း ဒီ လောင်းကစားလုပ်ဖို့ ခွင့်ပြုထားတယ် “ ဟု ၎င်းက ပြောသည်။

ထို့အပြင် မီးလောင်သွားသည့် စံဖိတ် ဘုန်းကြီးကျောင်းဆောက်ရန် ရန်ပုံငွေအတွက် လောင်းကစားဝိုင်း ဖွင့်လှစ်ပြီး ရှာရန် မသင့်တော်ကြောင်း သီပေါမြို့ ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

“ ကျောင်းအသစ်ဆောက်ဖို့ ရန်ပုံငွေကို လောင်းကစားဝိုင်း လုပ်ပြီး ရှာမယ်ဆိုတာက မသင့်တော်ဘူး။ မိုက်လည်း မမိုက်ဘူး။ ဦးထိပ်ထားပြီး တင်တဲ့ငွေလည်း မဟုတ်ဘူး။ မျက်ရည်၊ မျက်ခွက် နဲ့ ရလာတဲ့ ငွေတွေကို ကျောင်းဆောက်မယ်ဆိုတော့ မြဲမှာမဟုတ်ပါဘူး “ ဟု ၎င်းက အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီဝန်းကျင်တွင် စံဖိတ်ကျေးရွာမှ ဘုန်းကြီးကျောင်း ဘုရားမီးပူဇော်ရာကနေ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကိုရင်လေးအပါအဝင် ကျောင်းဆောင်တစ်လုံး မီးလောင်သွားပြီး ဆုံးရှုံးမှုမှာ ၆၅ သိန်းရှိခဲ့ကြောင်း သိရသည်။

စစ်တပ်မှ နို်ငငံတော် အာဏာသိမ်းပြီး ၂ နှစ်ကာလအတွင်း သျှမ်းပြည်တွင် ပြုလုပ်သည့် ပွဲတိုင်းတွင် စစ်ကောင်စီမှ လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် ထည့်သွင်းလာမှုကြောင့် အိမ်ထောင်ရေး ပြိုကွဲခြင်း၊ ခိုးဆိုးလုယက် ဖြစ်ပွားခြင်း နှင့် အိမ်တွင်းဖောက်ခံရမှုမှာလည်း ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...