Wednesday, January 28, 2026

မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်သူ့ကားကို တိုက်သည့်အပြင် ခေါင်းကွဲအောင်ရိုက်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း မန့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ မောင်းနှင်လာသည့် ကားတစ်စီးသည် အရပ်သား အမျိုးသား တစ်ဦး မောင်းနှင်လာသည့်ကားကို ဝင်တိုက်သည့်အပြင် လူကိုပါ ခေါင်းကွဲအောင် ရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။

အရိုက်ခံရသည့် အမျိုးသား

ယမန်နေ့ မတ်လ ၁၆ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်အချိန်တွင် လားရှိုးမြို့ အဝင် မုဒ်ဦးနား၌ ကားမောင်းလာသည့် မန့်ပန်ပြည်သူ့စစ် တပ်ဖွဲ့သည် အရပ်သား မောင်းနှင်သည့်ကားကို တိုက်မိခဲ့ကြောင်း အရိုက်ခံရသည့် ကားပိုင်ရှင် အမျိုးသား နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားချင်း အရင်တိုက်မိတာ၊ ကားကို တိုက်မိလို့ တိုက်မိတယ် ပြောတာကို တုတ်ချောင်း နဲ့ ခေါင်းကိုရိုက်တယ်၊ ခေါင်းကွဲသွားတယ်၊ ပြီးတော့ ဘာတာဝန်ယူမှုမှ မရှိဘူး၊ မန့်ပန် ပြည်သူ့စစ် ဆိုတာက စကားအချေအတင် ပြောနေတဲ့အချိန် သူတို့ကိုယ်တိုင်က ပြောခဲ့တာ” ဟု အရိုက်ခံရသည့် ကားပိုင်ရှင် အမျိုးသား နှင့် နီးစပ်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန့်ပန်ပြည်သူ့စစ် တပ်ဖွဲ့စီးလာသည့် ကားသည် စုစုပေါင်း ၄ ယောက်ထက်မနည်း ရှိနေပြီး ကားကို ဝင်တိုက် မိသည့် အတွက် စကားအချေအတင်ပြောရာ တုတ်ဖြင့် တစ်ဖက် အမျိုးသား၏ ဦးခေါင်းကို ရိုက်နှက်ပြီး ကားမောင်းထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ရိုက်နှက်ခံရသည့် ကားပိုင်ရှင် အမျိုးသားသည် ဦးခေါင်းကွဲပြီး ဆေးရုံသို့ ရောက်ရှိရာ ၅ ချက် ထက်မနည်း ချုပ်လိုက်ရကြောင်းလည်း သိရသည်။

“ဆေးရုံကို အားတင်းပြီးတော့ ရောက်ခဲ့တယ်၊ သူက ၅ ချုပ်ထက် မနည်း ချုပ်ရတယ်၊ အခုမှလည်း ရဲစခန်း နဲ့ တိုင်းမှူးတွေဆီမှာ အမှူတော့ ဖွင့်ထားတယ်၊ ဘယ်လိုလာမလဲတော့ မသိဘူး” ဟု အထက်ပါ နီးစပ်သူက ဆက်ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် ယာဥ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှု များပြား လာခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...