ဆီဆိုင် စစ်ရှောင်များ ရေရှားပြဿနာကြုံတွေ့နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း (၅) နေရာခန့်မှ စစ်ရှောင်များသည် ရေရှားပါး ပြဿနာ နှင့် ကြုံတွေ့နေရသဖြင့် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဆီဆိုင် စစ်ရှောင်စခန်း

နှစ်စဉ်နှစ်တိုင်း နွေဦးကာလသို့ ရောက်ရှိလျှင် ရေရှားပါးသော ပြဿနာ အမြဲကြုံတွေ့ နေရသည့် ဆီဆိုင်မြို့နယ် ဘုရားဖြူ၊ နောင်ကျော၊ ပန်တိုင်း နှင့် ရေဖြူ စသည့် တောင်ပေါ်ဒေသမှ ကျေးရွာ ဒေသခံများသည် ရေကို အမြဲဝယ်သုံးနေရကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရေရှားပါးသည့် ပြဿနာ နှင့် ကြုံတွေ့နေရသည့် ကျေးရွာများထဲမှ စစ်ရှောင်များသည် ဦးရေ စုစုပေါင်း (၂,၀၀၀) ရှိနေပြီး စစ်ရှောင် အများစုဟာ ရေကို ဝယ်သုံးဖို့ရန်အတွက် အခက်ခဲရှိနေကြောင်း ပန်တိုင်းစစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင် စစ်ရှောင်စခန်း

“ သောက်သုံးဖို့အတွက် ရွာထဲမှာ ရေသွားခပ်ရတယ်။ ရွာက ဝေးတယ်။ တောင်ပေါ်လည်း တက်ရတယ်။ ဆိုင်ကယ်မရှိတဲ့ လူဆိုအဆင်မပြေဘူး။ အဝေးကြီးကို လမ်းလျှောက်သွားရတယ်။ အခုတော့ ပိုက်နဲ့တွယ်လိုက်ပြီ။ ရေက ပုံမှန်လာနိုင်မလား မသိသေဘူး “ ဟု ၎င်းက ပြောသည်။

လက်ရှိ ဆီဆိုင်မြို့ပေါ်တွင် ရေ ( ၈ ပေပါ ) ပြည့် ရေသယ်ကား တစ်စီးကို ကျပ်ငွေ (၁ သောင်း) အထိ ဈေးနှုန်းမြင့်တက် နေပြီး ကျေးလက်ဒေသမှ ရေ ( ၁ ပေပါ )ကိုတော့ ကျပ်ငွေ (၃,၀၀၀) အထိ ဈေးနှုန်း မြင့်တက်နေကြောင်းလည်း သိရသည်။

ထို့အပြင် ရေရှားပါးသည့် ပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် စစ်ရှောင်များသည် ရရာကို အသုံးပြုရခြင်း၊ မသန့်ရှင်းသည့် ရေကို သောက်သုံးရခြင်းကြောင့် ယမန်နှစ်က စစ်ရှောင်ကလေးငယ်များသည် ဝမ်းပျက်၊ ဝမ်းလျော ရောဂါဖြစ်ပွားပြီး ဆေးရုံသို့ ဆေးဝါး ကုသခံမှု ယူရသည့်အဆင့်ထိ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ဆီဆိုင် စစ်ရှောင်စခန်း

“ မနှစ်တုန်းက ရေဝယ်ရတာ မသက်သာဘူး။ မသန့်ရှင်းတဲ့ ရေကိုသောက်ကြရတယ်။ အဓိက ကလေးငယ်တွေပေါ့ ဝမ်းပျက်၊ ဝမ်းလျောပြီး ဆေးရုံအထိ ကုသရတယ်။ ဒီနှစ်တော့ အဲ့လိုဖြစ်တာ သိပ်မတွေ့ရ သေးပေမယ့် စိုးတော့ စိုးရိမ်နေရသေးတယ် “ ဟု စစ်ရှောင်ကူညီပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ သျှမ်း နှင့် ကယားပြည် (ကရင်နီ) နယ်စပ် ဖယ်ခုံမြို့နယ်တွင် နေထိုင်သည့် ဒေသခံ အပါအဝင် စစ်ရှောင်များ ဦးရေ စုစုပေါင်း (၂,၀၀၀) ဝန်းကျင်မှာလည်း မသန့်ရှင်းသည့် ရေကို သောက်သုံးပြီး ဝမ်းပျက်၊ ဝမ်းလျော ဖြစ်ပွားနေကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည် (ကရင်နီပြည်) တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တို့ကြား တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင် ဦးရေဟာ (၆,၀၀၀) ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...