Wednesday, January 28, 2026

လွိုင်ကော် တပ်မတော်သားများ လက်နက် ခဲယမ်း အပြည့်ဝထိရောက်စွာ အသုံးချရန် ဒု – ဗိုလ်မှူးကြီး စိုးဝင်း မှာကြား

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော် ခရီးစဉ်တွင် တပ်မတော်သားများကို သင်ကြားထားသည့် စစ်ပညာ နှင့် တပ်ဆင်ပေးထားသည့် လက်နက် ခဲယမ်းများကို အပြည့်ဝ ထိရောက်စွာ အသုံးချရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ယမန်နေ့ (မတ်လ ၁၅) ရက်တွင် ဒု – ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လွိုင်ကော်မြို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ တပ်မတော်အရာရှိများ ၊ ကယားပြည်နယ် ဝန်းကြီးချုပ် ဦးဇော်မျိုးတင့် အရှေ့တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြီး လှမိုး နှင့် တာဝန်ရှိသူများ ပါဝင်ပြီး လွိုင်ကော်မြို့နယ်ရှိ အရာရှိ စစ်သည် မိသားစုများ နှင့် တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အမှာစကားပြောကြားရာတွင် တပ်မတော်များသည် နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ရာမှာ ၂၄ နာရီ တာဝန်ရှိကြောင်း ၊ စစ်ဆင်ရေး လုံခြုံရေး တာဝန်ထမ်းဆောင်ရာမှာ သင်ကြားပေးတဲ့ စစ်ပညာများကို မှန်မှန်ကန်ကန် အသုံးချရန် နှင့် တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်း ကိရိယာများကို အပြည့်ဝ ထိရောက်စွာ အသုံးချရန်လိုကြောင်း မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ တစ်ဖက်တွင်လည်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ် ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ယနေ့ထိ တိုက်ပွဲ ပြင်းထန်နေလျက်ရှိသည်။

ထို့အပြင် သျှမ်း – ကယား နယ်စပ် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဆက်လက် ပြင်းထန်နေ လျက်ရှိသည်။

အဆိုပါ ဒုတိယ ကာကွယ်ရေး ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ကြားပြီးသည့်နောက်ပိုင်းတွင် တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာနိုင်ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) ခွန်ဘင်ဂျမင်က ပြောသည်။

“ တိုက်ပွဲကတော့ ပြန်ဖြစ်နေတယ်။ ပိုပြီးတော့လည်း ပြင်းထန်လာနိုင်ပါတယ်။ စစ်ဘေးရှောင်တွေလည်း ပိုများလာနိုင်ပါတယ်။ အခုလည်း တိုက်ပွဲကတော့ ပိုပြီးပြင်းထန်နေဆဲပါ” ဟု ခွန်ဘင်ဂျမင်က ပြောသည်။

အလားတူ ယနေ့ မတ်လ ၁၆ တွင်လည်း ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ လေယာဉ်များ ပျံဝဲနေလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး တိုက်ပွဲကြာင့် ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာတွင်းရှိ ဒေသခံ နှင့် သံဃာအပါအဝင် သေဆုံးသူ စုစုပေါင်း ၂၂ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း PNDF KK က အတည်ပြုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...