ရေကာတာ စီမံကိန်းတွေအတွက် အကြံပေးဖို့ ဥရောပ ကုမ္ပဏီတွေကို မြန်မာစစ်အုပ်စုက ဒေါ်လာ သန်း နဲ့ ချီပြီးငွေပေးခဲ့

ရေအားလျှပ်စစ် စီမံကိန်းတွေ လုပ်ဆောင်ရန် အတိုင်ပင်ခံ လုပ်ငန်းအတွက် ဥရောပ အင်ဂျင်နီယာ ကော်ပိုရေးရှင်း နှစ်ခုကို စစ်အုပ်စုက ဒေါ်လာသန်းချီ ပေးချေခဲ့သည့်အကြောင်း Justice For Myanmar က ထုတ်ဖော်ခဲ့သည်။

မင်းအောင်လှိုင် မှ ရေကာတာ စီမံကိန်းကို ကြည့်ရှု့စဥ်

အဆိုပါ ထုတ်ပြန်ချက်သည် ယမန်နေ့ ( မတ် ၁၄) ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆွီဒင်အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ AFRY AB ၏ ဆွဇ်ကုမ္ပဏီခွဲသည် မြန်မာနိုင်ငံမှ အထက်ရဲရွာ နှင့် အလယ် ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အထိ အတိုင်ပင်ခံ လုပ်ငန်းအတွက် ဝန်ဆောင်ခအဖြစ် အမေရိကန် ဒေါ်လာ ၄.၆၈ သန်း ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဩစတြီးယား အခြေစိုက် ILF Group ၏ မြန်မာကုမ္ပဏီခွဲက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် စစ်အုပ်စုဆီက အမေရိကန်ဒေါ်လာ ၁.၁ သန်း ရရှိခဲ့ကြောင်း Justice For Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီနှစ်ခုလုံးကို စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားသည့် လျှပ်စစ်ဝန်ကြီးဌာနရဲ့ ဦးစီးဌာနတစ်ခုက ပေးချေခဲ့ကြောင်း သိရသည်။

ပုံဟောင်း

AFRY သည် မြန်မာနိုင်ငံတွင် လုပ်နေသည့် လုပ်ငန်းများ၏ လက်ရှိအခြေအနေ နှင့် ပတ်သက်ပြီး Justice For Myanmar ကို အသေးစိတ် မဖြေကြားခဲ့သော်လည်း မြန်မာနိုင်ငံထဲတွင် စီမံကိန်းများ ရှိနေသည့်အကြောင်း ကို အတည်ပြုခဲ့ သည်။

ILF Group က “ကျွန်ုပ်တို့ရဲ့ လုပ်ငန်းတွေကို ဆက်မလုပ်တာ ကာလတခုရှိပါပြီ။ လက်တလောအချိန်မှာ ဆည်ရေပိုလွှဲလုပ်ငန်းအတွက် ရေလှောင်တမံ ခိုင်ခံ့ရေး နဲ့ မြေထိန်း နံရံ ခိုင်ခံ့ရေးတို့ကို အဓိကဆောင်ရွက် ခဲ့ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ILF Group က သူတို့လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့တဲ့ ရက်စွဲကိုတော့ ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး” ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “AFRY နဲ့ ILF အဖွဲ့တို့ဟာ သူတို့ရဲ့ စီးပွားဖက်ဖြစ်တဲ့ စစ်အုပ်စုက မြန်မာပြည်သူတွေကို အကြမ်းဖက် စစ်ဆင်နေတဲ့အချိန်မှာ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းပြီး၊ လူမှုဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ရေကာတာ တည်ဆောက်ရေးအတွက် ပံ့ပိုးကူညီနေတာက စိတ်ပျက်စရာ ကောင်းလှပါသည်။

လက်ရှိအချိန်ထိ ကုမ္ပဏီ နှစ်ခုလုံးသည် မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်ထားဆဲဖြစ်ကြောင်း သိရသည်။

AFRY နဲ့ ILF အဖွဲ့သည် ဒေသခံ လူ့အဖွဲ့အစည်း အသံများ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို လျစ်လျူရှုပြီး စစ်ရာဇာဝတ်မှု ကျူးလွန်သည့် စစ်ကောင်စီ နှင့် ပုံမှန်အတိုင်း စီးပွားရေး လုပ်ဆောင်နေဆဲဟု Justice For Myanmar က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီရရှိသည့် အချိန်အထိ မြန်မာနိုင်ငံအတွင်း တခြားကျန်ရှိသော ရေအားလျှပ်စစ်စီမံကိန်း မှန်သမျှကို တာဝန်သိစွာ ရပ်ဆိုင်းထားရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...