ပင်လောင်း တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် စစ်ရှောင် (၅,၀၀၀) ကျော်သည် ဆယ်ရက်ကျော်ကြာ အိမ်ကို မပြန်နိုင်သေးကာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာစျေး

ယနေ့ (မတ်လ ၉ ရက်) နံနက်အစောပိုင်း ၆ နာရီ ဝန်းကျင်မှစတင်ပြီး ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနက် အစောကဖြစ်ပြီး အခုချိန်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတယ်ဗျ။ တိုက်ပွဲက ဖယ်ခုံ နဲ့ ပင်လောင်း နယ်စပ် ဆောင်းပြောင်းရွာနဲ့ နီးတယ်။ ကျနော်လည်း ရှောင်နေရတာ။ တချို့ရွာမှာ PDF တွေဝင်နေတော့ မတတ်နိုင်ဘူး။ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အစုံပစ်နေတယ် “ ဟု ၎င်းက ပြောသည်။

လက်ရှိ ပင်လောင်းမြို့နယ်ထဲက လုံးပျဉ်ရွာ၊ တောင်မဲသင်းရွာ၊ မြောက်စလုံး၊ တောင်စလုံး၊ နမ့်နိမ့်ရွာ နှင့် ပင်လုံရွာတို့မှာ ရွာဝင်ခွင့်ပိတ်ထားပြီး ၎င်း အနီးနားတဝိုက်မှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ (၅,၀၀၀) ကျော်မှာ လက်ရှိမှာ ပူဆွေးသောကနှင့် စစ်ရှောင်ရဆဲဖြစ်ပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“ အခု အိမ်မှာဆိုရင် စပါး၊ ပြောင်းတွေ ထားထားခဲ့ရတယ်။ တချို့ကလည်း အနည်းအကျဉ်းတော့ ယူလာနိုင်ပေမယ့် တချို့မှာ လူလွှတ်ရုံးပြီး ထွက်ပြေးလာခဲ့ရတော့ ဘာမှကို မသယ်လာနိုင်ဘူး။ အခု ကျေးရွာ ၆ ရွာလောက် ဒေသခံတွေ ရွာထဲမှာ လုံးဝကိုနေလို့မရ၊ အကုန်ထွက်ပြေးလာရတာ။ ကျနော်တို့မှာ စားနပ်ရိက္ခာ အကူညီအစုံတွေ အများကြီး လိုအပ်သေးတယ် “ ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်စပြီး စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး လူနေအိမ် အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ယနေ့အချိန်ထိ တိုက်ပွဲမငြိမ်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...