ကွမ်လုံမြို့နယ် KIA ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်၊ ကျဆုံးမှုရှိ

သျှမ်းပြည် လားရှိုးခရိုင် ကွမ်လုံမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA ပူးပေါင်း တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

PDF

ယမန်နေ့ (မတ်လ ၇) ရက် မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီကျော် ဝန်းကျင်အထိ ကွမ်းလုံမြို့နယ် ဖာဆန်ကျေးရွာ စစ်ကောင်စီ တပ်ဖွဲ့ နှင့် KIA ပူးပေါင်း တပ်ဖွဲ့ PDF တို့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် KIA ပူးပေါင်း တပ်ဖွဲ့မှ တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ဖြစ်စဥ်ကို သိရှိသူ အမည် မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တစ်နာရီ နီးနီးလောက် တိုက်ပွဲ ဖြစ်ခဲ့တယ်၊ စစ်ကောင်စီ ဘက်ကလည်း အကျအဆုံးတွေ ရှိနိုင်ပါတယ်၊ တိုက်ပွဲ ဖြစ်ပြီးတော့ ကချင်တပ် KIA တပ်ဖွဲ့က PDF အလောင်း (၁) လောင်းနဲ့ သူတို့ကိုင်တဲ့ K-12 အမျိုးအစား သေနတ် (၁) လက်၊ ပြီးတော့ ကျည်ထောင့်တွေကို တွေ့ရတယ်” ဟု အမည်မဖော်လိုသူ အမျိုးသားက ပြောသည်။

ယင်းတိုက်ပွဲအတွင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတာ် KIA ပူးပေါင်း တပ်ဖွဲ့မှ PDF တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းသိရသော်လည်း စစ်ကောင်စီ၏ သေဆုံးမှုများကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

နယ်မြေ ကင်းလှည့်လာသည့် စစ်ကောင်စီ ယာဥ်တန်းသည် KIA ပူးပေါင်း တပ်ဖွဲ့ PDF စစ်ကြောင်း နှင့် တွေ့မိရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဦးတည်ချက်မရှိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် အရပ်သား ပြည်သူတို့ ထိခိုက်မှုများ ရှိသည့်အပြင် သေဆုံးမှုအထိ ရှိလာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဂျီနီဗာ သဘောတူညီချက် စာချုပ်ချုပ်ဆိုထားသည့် တပ်ဖွဲ့ တစ်ခု ဖြစ်သော်လည်း ဂျီနီဗာ သဘောတူညီချက်အရ စစ်ပဋိပက္ခများကြား အရပ်သား လူထုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ တိုက်ခိုက်မှု လုပ်ရင် အရပ်သားများ အသက်ဆုံး၊ ဒဏ်ရာရမှာ သိလျက်ဖြင့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခြင်း မပြုလုပ်ရန် ပါရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...