Wednesday, January 28, 2026

ဖယ်ခုံ အရှေ့ဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေ

သျှမ်း – ကယားပြည် နယ်စပ် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့

ယနေ့ (မတ်လ ၈) ရက် နံနက်အစောပိုင်း ၇ နာရီမှစပြီး ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးကို စစ်ကောင်စီတပ်ဖွဲ့ နှင့် PNO တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ အစောပိုင်း ၇ နာရီလောက်ကစပြီး စကစနဲ့ PNO တို့ စစ်ကြောင်းထိုးလာချိန်မှာ တိုက်ပွဲဆက်ဖြစ်တာ။ ကျနော်တို့ အရှေ့ဘက်ခြမ်း ခေါင်းအိ၊ ရွှေပြည်အေးတို့ဖက်မှာ တိုက်ပွဲဖြစ်နေတာ။ အခုထိ တိုက်ပွဲဆက်တိုက် ဖြစ်နေတာ။ ကျနော်တို့ နေအိမ်ကနေပြီး ကြားနေရတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံ၏ နေအိမ် ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူ အသေးစိတ်ကိုတော့ စုံစမ်း၍ မသိရှိရသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲကြောင့် ဒေသခံကျေးရွာ ၆ ရွာခန့်က ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားပါက စစ်ရှောင်များ ဦးရေများ ပိုတိုးလာနိုင်ဖွယ်ရှိကြောင်း စစ်ရှောင်ကူညီသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခု တိုက်ပွဲကြောင့် စစ်ရှောင်တွေ ပိုများလာနိုင်တယ်။ အရင်က တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ နမ့်နိမ့်၊ တောင်မဲသင်း အဲ့က စစ်ရှောင်တွေ ထပ်တိုးလာမှာ သေချာတယ်ဗျ။ အခုစစ်ကြောင်းက နေရာမရွေး ထိုးလာတယ်ဆိုတော့ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပွားနေအုံးမယ် “ ဟု ၎င်းကပြောသည်။

ပင်လောင်းမြို့နယ်အတွင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၄ ဦး ပျောက်ဆုံးနေကာ လက်ရှိ သတင်းရေးသားသည့်အချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...