Saturday, April 20, 2024

လားရှိုး ရွှေတောင်တန်း စက်ရုံ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

Must read

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် ၁၀ အတွင်းရှိ ရွှေတောင်တန်း ရေသန့်စက်ရုံတစ်ခု လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Credit : လားရှိုးမီးသတ်ဉီးစီးဌာန

ယနေ့ မတ်လ ၄ ရက် နံနက် ၂ နာရီမှ စတင်ပြီး ရွှေတောင်တန်း ရေသန့်စက်ရုံတစ်ခုသည် လျှပ်စစ်ဝါယာကြိုးအဟောင်း ရှော့ခ်ဖြစ်ရာက​နေ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ယာဉ် ၁၃ စီး သွားရောက် မီးငြိမ်းသတ်ခဲ့ကြောင်း လားရှိုးဉီးစီး မီးသတ်ဌာနမှ သိရသည်။

“ဟောင်းတဲ့ ဝါယာကြိုးတွေကို ခွန်အားမမျှ သုံးထားလို့ ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်သွားတာဗျ။ ပလပ်ပေါက်နားစလောင်တာ။ လူတွေတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူး ” ဟု ၎င်းဌာနမှ တာဝန်ခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Credit : လားရှိုးမီးသတ်ဉီးစီးဌာန

အဆိုပါ မီးလောင်မှုကြောင့် ရွှေတောင်တန်း သောက်ရေသန့် စက်ရုံတစ်ခုသည် ကျပ်သိန်း ၈၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုလျှင် သတိထားကြရန် ၎င်းက ဆက်ပြောသည်။

“အခုက နွေရာသီကာလလည်း ရောက်လာပြီ။ မီးကလာလိုက် မလာလိုက်နဲ့ ပုံမှန်မရှိဘူး။ အဲ့လိုတွေ ဖြစ်နေတဲ့အတွက် အိမ်တိုင်းလျှပ်စစ်ပစ္စည်း အသုံးပြုရင် အပြင်ထွက်သွားတိုင်း မီးခလုတ်လေးတွေ သေချာပိတ်ပေးပါ။ ဝါယာကြိုးဟောင်းတွေကို လဲပေးပါ ” ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန်လာခြင်း မရှိသလို၊ လျှပ်စစ်ဓာတ်အားမှာလည်း ပုံမှန် ထုတ်လွှင့်မပေးနိုင်သောကြောင့် လျှပ်စစ်မီးမှ တစ်ဆင့် မီးလောင်မှုသည် မကြာခဏ ဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article