တာချီလိတ် ဗုံး (၅) လုံး ပေါက်ကွဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ် ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ဖွင့်လှစ်လာပြီး (၇) ရက်မြောက်နေ့တွင် ဗုံး ၅ လုံး ပေါက်ကွဲမှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲရာ နေရာ

ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ ရက်) ညပိုင်း ၉ နာရီကျော်မှစပြီး တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး အနီးတွင် ဗုံး (၅) လုံး ပေါက်ကွဲမှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အရှေ့ပိုင်းနဂါးမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ စစ်ကောင်စီ နဲ့ အပေါင်းအပါတွေကို တိုက်ခိုက်တာမျိုးပါ။ သူတို့ဖက်က ထိခိုက်တာ နှစ်ယောက်ရှိတယ်။ ကျန်တာတွေက ပြည်သူလို့လည်း ပြောတယ်။ သေချာစုံစမ်းနေတာ မသိရသေးဘူး။ နှစ်ယောက်က အုပ်ကြီးနဲ့ ပါတီဝင်လို့ သိထားရတယ် “ ဟု တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံး (၅) လုံး ပေါက်ကွဲမှုကြောင့် အနီးနားတဝိုက်ရှိ အမျိုးသား (၅) ဦးသည် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သွားရောက်ကူညီသူ လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ

ထို့အပြင် ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး တာချီလိတ် – မယ်ဆိုင် တံတားအမှတ် (၁) ကို ပြန်လည်ပိတ်သွားမည်ကို နှစ်နိုင်ငံ အသွားအလာ ပြုလုပ်သူ ဒေသခံများက စိုးရိမ်နေကြောင်း တာချီလိတ် နယ်စပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ အဲ့လို ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာမှာကိုတော့ စိုးရိမ်တာပေါ့။ ပြီးတော့ တံတားပြန်ပိတ်သွားမှာကို ကြောက်တယ်။ မြန်မာပြည်ကို ပြန်ချင်တဲ့ သူဘဲဖြစ်ဖြစ်၊ ထိုင်းကို ပြန်ဝင်ချင်တဲ့သူဘဲ ဖြစ်ဖြစ် တံတားမဖွင့်ရင် ထိုင်းဘတ် (၁) သောင်း၊ (၂) သောင်း ပေးပြီး ခိုးဝင်ရတယ်။ အခု တံတားပြန်ဖွင့်တော့ အဲ့လောက်မကုန်ဘူး။ ပြန်ပိတ်သွားမှာကိုတော့ စိုးရိမ်တာပေါ့ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီ အပေါင်းအသင်း နှင့် နေရာဒေသကို ဝေးရပ်ရာမှာ နေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အရှေ့ပိုင်းနဂါးက တိုက်တွန်းထားသည်။

“ ပြည်သူတွေကိုတော့ အစတည်းက သတိတော့ ပေးထားတယ်။ စကစ အပေါင်းပါတွေနဲ့ ဝေးဝေးနေဖို့၊ သူတို့နေရာတွေနဲ့လည်း ဝေးဝေးနေဖို့ အဓိကတော့ ပြည်သူတွေကို လုံးဝ မထိခိုက်စေချင်ဘူး။ အဲ့ကြောင့် သူတို့နဲ့ ဝေးဝေးနေကြပါ “ ဟု ၎င်း တာဝန်ခံ တစ်ဦးက ထပ်လောင်းပြောသည်။

ယင်း ဗုံးပေါက်ကွဲမှုသည် တာချီလိတ် – မယ်ဆိုင် တံတားအမှတ် (၁) ဖွင့်လှစ်လာပြီး (၇) ရက်မြောက်နေ့ အကြာမှာ ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...