ပုံးအင်းလယ်စိုက်ပျိုးမှု အဆင်မပြေ လယ်ရောင်းနေရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အသုံးတော်ကျေးရွာအုပ်စု အတွင်းရှိ ပုံးအင်းဒေသ လယ်ယာများစိုက်ပျိုးရန် အဆင်မပြေသဖြင့် လယ်များရောင်းနေရကြောင်း စုံစမ်းသိရသည်။

ပုံးအင်းလယ်ယာများ

ပုံးအင်းလယ်ယာမှ ထွက်သည့် စပါးသည် သျှမ်းပြည်တောင်ကြီးမြို့နယ်အတွက် တနှစ်သာ ဖူလုံသည်။

လက်ရှိမှာ တောင်သူလယ်သမားများအတွက် အစစအရာရာ ခက်ခဲလာသည့်အတွက် ပုံးအင်းတောင်သူအချို့သည် မွေးမြူရေး ကုမ္ပဏီတစ်ခုထံ ၎င်းလယ် ၁ ဧကကို မြန်မာကျပ်ငွေ ၁၂ သိန်း ပေးပြီး ဝယ်ယူနေကြောင်း သတင်းရရှိသည်။

သို့ရာတွင် လယ်ယာဧကများ အရောင်းအဝယ် ပြုလုပ်ရာ တစ်ဆင့်ခံ ပွဲစားများက လယ် ၁ ဧကကို မြန်မာကျပ်ငွေ ၈ သိန်းကျပ်သာ ဈေးနိမ်ပြီး ဝယ်ယူနေကြောင်း ဝမ်နောက်ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ လယ်လုပ်ချိန် ရောက်ပြီဆို ရေကမကျသေးဘူး။ နောက်ကျမှ ကောက်စိုက်ရတာ ရေပြန်တက်ရင်လည်း စပါးက မဖြစ်သေးဘူး ရေထဲမြုပ်ပြီ။ အဲ့နေရာတွေမှာ လယ်လုပ်ဖို့အတွက် ခက်ခဲတယ်။ ကုမ္ပဏီ က တစ်ဧကကို ၁၂ သိန်းပေးပြီး ဝယ်တာ၊ ကြားခံ ပွဲစားတွေက တစ်ဧကကို ၈ သိန်း ဈေးနိမ်ပြီး လာဝယ်တာ။ အဲ့လောက်ဈေးနဲ့ တော့ ဘယ်သူမှ မရောင်းချင်ပါဘူး။ ဒါပေမယ့် အခုက စားဝတ်နေရေး၊ အခက်ခဲတွေ အမျိုးမျိုးကြောင့် ရောင်းကြတာပေါ့ “ ဟု ၎င်းကအမျိုးသမီးတစ်ဦးက ပြောသည်။

ပုံးအင်းတောင်သူများ စပါးစိုက်ပျိုးချိန်မှာ တွေ့ရစဥ်

ယမန်နှစ် ၂၀၂၂ ခုနှစ် အတွင်းတွင် ပုံးအင်းမှာ အဆမတန် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် စပါးများပျက်စီးဆုံးရှုံးခဲ့ရပြီး တောင်သူများသည် စားဝတ်နေရေး ကြပ်တည်းလာသဖြင့် လယ်ယာဧကများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေရကြောင်း သိရသည်။

အလားတူ ဓာတ်မြေသြဇာ ဈေးနှုန်းအဆမတန် မြင့်တက်လာမှုကြောင့် တောင်သူများသည် လယ်ယာစပါးကို တစ်ဝက်လျှော့ စိုက်ရသလို စိုက်ပျိုးရန် လူအင်အားမရှိသည့် တောင်သူများမှာလည်း လယ်ယာဧကများကို ရောင်းချခဲ့ကြောင်း ဟိုတပ်ရွာဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ အခုမြေသြဇာ တစ်အိတ်ကို ကျပ် (၁) သိန်းကျော် ပေးပြီးဝယ်ရတာ။ ကုန်ကျစရိတ်ကလည်း အရင်နှစ် တွေထက် ပိုကုန်လာတယ်။ မြေသြဇာ၊ လယ်ထွန်စရိတ်၊ ဒီဇယ် အမျိုးမျိုး ဈေးတက်လာတယ်။ အခု လူအင်အားက မရှိတော့ဘူး။ ထိုင်းနိုင်ငံထဲကို သွားကြတော့ လယ်လုပ်မယ့်သူက အရမ်းကိုနည်းလာတယ်။ အဲ့ကြောင့် ရောင်းကြတယ် “ ဟု ဟိုတပ်ရွာဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ပုံးအင်းလယ်ယာများ

ပုံးအင်းဒေသရှိ လယ်ယာဧကများသည် ကျေးလက်ဒေသ ရွာလမ်းဘေး နှင့် နီးလျှင် အတိုင်းအတာ မြေ ၁ ပေကို ကျပ် ၁ သိန်းကျပ် ဈေးပေါက်နေပြီး ရေရှားပြဿနာ ကြုံရသည့် အချို့နေရာကို ဈေးနှုန်းအမျိုးမျိုးရှိကြောင်းသိရသည်။

“တကယ်လို့ ပုံးအင်းက လယ်ယာဧကတွေ ကုမ္ပဏီတွေကို ရောင်းပေးလိုက်မယ်ဆိုရင် နောက်ပိုင်း ကုမ္ပဏီတွေလည်း ဝယ်လာမယ်။ လယ်ယာ ဧကတွေ ကျဉ်းလာမယ်။ စီးပွားရှာတတ်တဲ့ ကုမ္ပဏီတွေတော့ အလုပ်ဖြစ်လာမှာပေါ့။ အခုက လယ်လုပ်မယ့်သူတွေ နည်းတော့၊ ဒီ လယ်ယာဧကတွေကို ရောင်းလိုက်တာပေါ့ “ ဟု ဝမ်နောက်ဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိ ရောင်းချခဲ့ပြီးသော ပုံးအင်းဒေသမှ လယ်ယာဧကများသည် စုစုပေါင်း ၃၀ ဧကရှိပြီ ဖြစ်ကြောင်း၊ နေ့စဉ်နေတိုင်း လယ်ယာဧက ရောင်းချမှုများ ပြုလုပ်နေကြောင်းကို သိရှိရသော်လည်း သျှမ်းသံတော်ဆင့်သတင်းဌာနမှ အတည်ပြု မရသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လပိုင်းတွင် ပုံးအင်းဒေသမှာ အဆမတန် ရေကြီးရေလျှံမှုဖြစ်ပြီး လယ်ယာဧက စုစုပေါင်း ၂ သောင်းဝန်းကျင်သည် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...