မူဆယ် မြို့မပြည်သူ့စစ် တပ်ဖွဲ့အိမ် ဗုံးပေါက်ကွဲ၊ တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့မှ မြို့မပြည်သူ့စစ် အမှတ် (၂) မှ နေအိမ်တွင် ဗုံးပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။

သေဆုံးသူ တစ်ဦး

ယနေ့ (ဖေဖော်ဝါရီ ၂၅) ရက် နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အမှတ် (၂) မြို့မ ပြည်သူ့စစ် တပ်ဖွဲ့နေအိမ်ဖြစ်သည့် ကောင်း ဟော်တယ်ရှေ့ နေအိမ်အမှတ် စစ/၃၂ တန်းလျားတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးက လက်နှစ်ဖက်ပြတ် ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗုံးပေါက်တဲ့အချိန် အဲ့တန်းလျားမှာလည်း သူတို့နှစ်ယောက်တည်း ရှိနေတယ်လို့ ပြောပါတယ်၊ ပြီးတော့ နှစ်ဦး စလုံးကလည်း ဆေးသုံးကြတယ်၊ တစ်ဦးက ပွဲချင်းပြီး သေသွားပြီး နောက်တစ်ဦးကတော့ လက်နှစ်ဖက်လုံးပြတ် သွားတယ်၊ ဆေးကြောင်ပြီး ဖြစ်ကြတာ ထင်တယ်” ဟု မူဆယ်မြို့မှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် မူဆယ်မြို့ စွမ်စော်ရပ်ကွက် နေအိမ်အမှတ် စစ/၃၂ မှ ဖြစ်ပြီး မြို့မ ပြည်သူ့စစ် အဖွဲ့သည်လည်း တရုတ် အများစု ပါဝင်နေကြကြောင်း သိရသည်။

ဗုံးပေါက်မှု ဖြစ်ပွားပြီးနောက် လူမှုကူညီရေးအသင်းများက အလောင်း နှင့် ထိခိုက်ဒဏ်ရာ ရသူများကို ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးကြောင်းလည်း သိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ် ဒေသဖြစ်သည့်အတွက် လူဝင်လူထွက်များသည့်အပြင် တရားမဝင် ဂိမ်းဆိုင်၊ လောင်းကစားဆိုင်များ ပေါများပြီး ပြည်သူ့စစ်တပ်ဖွဲ့များမှ အဓိက လုံခြုံရေးယူပေးနေကြောင်း ဒေသခံများကပြောသည်။

“လောင်းကစားဝိုင်းတွေ၊ ဘားတွေ ကလပ်တွေမှာ အဓိက လုံခြုံရေးယူပေးတာက ပြည်သူ့စစ်တွေပေါ့၊ ပြီးတော့ တရုတ်လူမျိုးအများစုလည်း ဖြစ်နေကြတယ်၊ စွမ်စော်ရပ်ကွက်ထဲက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ဆိုရင် ရပ်ကွက် ထဲ လာနေပြီး ရပ်ရွာလူကြီးတွေကို အကြောင်းကြားတာတွေလည်းမရှိဘူး၊ အခုလို ပြဿနာဖြစ်လာကာမှ လူကြီးတွေကို ပြေးခေါ်တာ” ဟု အမည်မဖော်လိုသူ ရပ်ရွာအရေးဆောင်ရွက်သည့် အမျိုးသား တစ်ဦးက ပြောသည်။

စွမ်စော်ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ရပ်ကွက်အတွင်း နေထိုင်ကြောင်း ရပ်ရွာ လူကြီးများကို အကြောင်းကြားမှု မရှိသည့်အပြင် ဧည့်စာရင်းစစ်ဆေးမှု၊ ရပ်ရေးရွာရေး ကူညီ ထောက်ပံ့ပေးမှု များကိုလည်း မည်သည့်အခါမှ ပါဝင်ကူညီခြင်း မရှိကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မည်သည့်အချက်အလက်မှ ချိတ်ဆက်မှုမရသဖြင့် ရပ်ရွာလူကြီးများအနေဖြင့်လည်း လုံခြုံရေးပိုင်း နှင့် စီမံခန့်ခွဲမှုအပိုင်းတွင် အခက်တွေ့နေရကြောင်းလည်း ရပ်ရွာအရေးပါဝင်ဆောင်ရွက်နေသူများက ပြောဆိုနေကြသည်။

မူဆယ်မြို့သည် လောင်းကစားဝိုင်းများ ပေါများသည့်အပြင် လက်နက်ကိုင်အဖွဲ့အစည်းလည်း စုံလင်သည့် မြို့ ဖြစ်သည့်အတွက် မကြာခဏဆိုသလို ပေါက်ကွဲမှု ဖြစ်ပွားပြီး လက်နက်ကိုင်ဆောင်သူ အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှု ပေါများသည့် ဒေသလည်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...