မြေသြဇာဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် တောင်သူများ လယ် တစ်ဝက်လျှော့ပြီး စိုက်ပျိုးနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် ယခုနှစ် မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက် လာသည့်အတွက်ကြောင့် တောင်သူများသည် ထက်ဝက်လျော့ပြီး လယ် စိုက်ပျိုးနေရကြောင်း စုံစမ်းသိရှိရသည်။

ပုံးအင်းတောင်သူ

လယ်ယာစပါး ရေလွှမ်းမိုးခံခဲ့ရသည့် ပုံးအင်းဒေသမှ တောင်သူများသည် ယခုနှစ်တွင် လယ်ယာဧကများများ ရင်းနှီးစိုက်ပျိုးဖို့ရန် ဓာတ်မြေသြဇာ၊ လယ်ထွန်စရိတ်၊ ကောက်စိုက်စရိတ် စသည်ဖြင့် ကုန်ကျစရိတ် များပြားလာသည့်အတွက် လယ်ယာ ဧကကို တစ်ဝက်လျှော့ပြီး စိုက်ပျိုးနေရကြောင်း ပုံးအင်းတောင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စပါးဈေးတွေက တက်တယ်ပြောတာပါ။ မြေသြဇာဈေးနှုန်းနဲ့ ပြန်လာနှိုင်းကြည့်ရင် ဘယ်လောက်မှ မတက်ဘူး။ ပြီးတော့ စပါးတွေက ရေထဲမြှုပ်သေးတယ်၊ ဘာမှမကျန် မရောင်းလိုက်ရဘူး။ အခုတောင် တောင်သူတွေကမှ ဆန်တွေ ပြန်ဝယ်စားရတဲ့ အဆင့်ဖြစ်နေပြီ” ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စူပါဓာတ်မြေသြဇာအမျိုးအစား (၅၀) ကီလိုဂရမ်အိတ် တစ်အိတ်ကို (၁၅၀,၀၀၀) ကျပ်၊ ပုလဲဓာတ်မြေသြဇာ တစ်အိတ်လျှင် (၁၂၀,၀၀၀) ကျပ် အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ပုံးအင်းတောင်သူ

ထို့အပြင် အရင်းအနှီးများများ မရှိသည့်တောင်သူများသည် ကုမ္ပဏီတစ်ခုမှ ဓာတ်မြေသြဇာတစ်အိတ်ကို (၇၅,၀၀၀) ကျပ်ဖြင့် အကြွေးယူထားရပြီး စပါးရိတ်သိမ်းပြီးမှသာ ပြန်လည်အကြွေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

“ လယ် ၁ ဧကကို အနည်းဆုံး စူပါတစ်အိတ်နဲ့ ပုလဲတစ်အိတ် ထည့်ပေးရတယ်။ မထည့်ရင်လည်း အထွက်နှုန်းက မကောင်းဘူးလေ။ အပြင်မှာ မြေသြဇာကလည်း ဈေးတက်တော့ သူများဆီက အတိုးနဲ့ယူရတာပေါ့။ အတိုးအပြီးစီး တစ်အိတ်ကို (၇၅,၀၀၀) ပေးရတယ်။ နောက်ပိုင်း စပါးရိတ်သိမ်းချိန်မှ ပြန်ပြီးအကြွေးဆပ်ရတာပေါ့ “ ဟု ၎င်း တောင်သူအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ပုံးအင်းဒေသမှ တောင်သူများသည် နှစ်စဉ်နှစ်တိုင်း လယ်ယာစပါးများ ရေလွှမ်းခံရသဖြင့် ယခုနှစ် စပါးများ ရေလွှမ်းမိုးမခံရအောင် သက်ဆိုင်ရာဌာန ဆည်မြောင်းဦးစီးမှူးများအနေဖြင့် လာရောက်မြောင်းဖောက်လုပ် ပေးရန် တောင်သူများက တောင်းဆိုနေသည်။

“ မနှစ်က သူတို့မြောင်းဖောက်တာ မပြီးမစီး နဲ့ ရေတက်တော့ ရေအရမ်းကြီးခဲ့တာ။ ဒီနှစ်လည်း သူတို့ပြန်ဖောက်ပေးမှာလားတော့ မသိသေးဘူး။ ဖြစ်နိုင်ရင် ရေမတက်သေးတဲ့အချိန်မှာ မြန်မြန် ဖောက်လုပ်ပေးစေချင်တယ် “ ဟု ပုံးအင်းဒေသခံ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း စီးပွားရေး အဆမတန် ကျဆင်းလာနေသလို တစ်ဖက်တွင် ကျပ်ငွေ ဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်း၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီများသည် ယခင်ထက် ဈေးနှုန်းမြင့်တက်လာနေပြီး တောင်သူများ အပါအဝင် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုကြပ်တည်း လာနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...