ဖားကန့်မြို့နယ် ကုန်တင်ပို့မှုကို ပိတ်ထားသည့်အတွက် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီက မြို့ဝင်မြို့ထွက်များကို စစ်ဆေးရေးတင်းကြပ်နေပြီး ကုန်တင်ပို့မှုကို ပိတ်ထားသည့်အတွက်ကြောင့် မြို့တွင်းကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကုန်တင်လာသည့် ကုန်တင်ကား

ယခုလ ဖေဖော်ဝါရီထဲတွင် စစ်ကောင်စီက ဖားကန့်မြို့တွင်းသို့ ဝင်လာသည့် ကုန်တင်ကားများကို စစ်ဆေးပြီး မြို့တွင်းသို့ မပေးဝင်ကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

“ ကျမတို့လည်း ဟိုနေ့လောက်မှပဲ မြို့ထဲ ပြန်ဝင်လာတာ။ တစ်ချို့ကားတွေက ပြန်လှည့်ပြန်သွားတာရှိတယ်။ ကားသမားတွေ ပြောပြတာတော့ ကုန်ပစ္စည်းတွေပါလို့ မပေးဝင်တာတဲ့။ ကုန်ပစ္စည်းတွေ ပါတဲ့ကားဆိုရင် သူတို့က အကြာကြီးထားတယ်။ မပေးဝင်ဘူး။ စစ်လည်းတော်တော်လေးစစ်တယ်” ဟု ဖားကန့်မြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

ကုန်တင်ကားကြီးများကို စစ်ကောင်စီတွေက အချိန်ယူစစ်ဆေးပြီး အိမ်စီးကားများဖြင့် သယ်ဆောင်လာခဲ့သည့် ကားများကို စစ်ဆေးတင်းကြပ်မှု မရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီက အခြေခံ စားသောက်ကုန်များကိုပါ မြို့တွင်းတင်သွင်းခွင့် မပြုသည့်အတွက်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ပြည်သူများ ယခင်ကထက် ခက်ခဲလာခဲ့ကြောင်း သိရသည်။

“ အခြေခံ စားသောက်ကုန်တွေတောင်မှ မပေးတင်တော့ ကုန်ဈေးနှုန်းတွေက ပိုပြီးမြင့်လာခဲ့တယ်။ တစ်နေ့လုပ် တစ်နေ့စားတဲ့ သူတွေအတွက်ကတော့ ပိုပြီး ခက်ခဲတာပေါ့။ နိုင်ငံရေးကြောင့် ဖားကန့်က ပြည်သူတွေတော့ ပိုပြီးခက်ခဲလာပါတယ်။ အကုန်လုံးကို ဈေးကြီးပေးဝယ်ရတယ်” ဟု ဒေသခံ က ပြောသည်။

အလားတူ လက်ရှိ ဆန်ဈေးနှုန်းသည် တစ်အိတ်ကို ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး ယခင်က တစ်အိတ်ကို ၈ သောင်း ဝန်းကျင်သာရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်သည် မြန်မာနိုင်ငံတွင်း ကျောက်စိမ်းအများဆုံးထွက်သည့် နေရာ ဒေသတစ်ခုလည်းဖြစ်သည်။

ဖားကန့်မြို့နယ်တွင်း စစ်ကောင်စီ အပြင် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA ပါ သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...