ဖားကန့်မြို့နယ် အိမ်ဖော်က အိမ်ရှင်ကို အဆိပ်ခတ်ပြီး ငွေခိုးရန်ကြိုးစား

ကချင်ပြည်နယ် ဖားကန့်မြို့ မော်ရှန်ရပ်ကွက် ၊ ကယားမြေ တာယာရောင်းဝယ်ရေးဆိုင်တွင် အိမ်ဖော်ဖြစ်သူက အိမ်ရှင်ကို အဆိပ်ခတ်ပြီး ငွေများကို ခိုးယူရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိပ်ခတ်ခံရသည့် ဟင်းခွက်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အိမ်ဖော်ဖြစ်သူက အိမ်ရှင်ကို အဆိပ်ခတ်ခဲ့သည့်အတွက်ကြောင့် ၄ ဦး ဆေးရုံသို့ တက်ခဲ့ရပြီး ခွေး ၃ ကောင် သေဆုံးသွားခဲ့ကြောင်း အဆိပ်ခတ်ခံရသည့် အိမ်ရှင်ဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ ဟင်းတွေထဲကို အဆိပ်ခတ်ထားတာ မသိဘူး။ အဲ့ဒါ ကျမက ဗိုက်ဆာလို့ ဝင်စားလိုက်တာ။ စားပြီး နာရီဝက်ကြာတော့ ခေါင်းတွေ မူးလာပြီး အန်တယ်။ အိမ်က အလုပ်သမား ၂ ယောက်ကလည်း စားတယ်။ ကျမ အမျိုးသားလည်း စားလိုက်တယ်။ ဟင်းတွေကလည်း မဲနေတော့ ကျမအမျိုးသားက မသိပဲ ခွေးတွေသွားကျွေးလိုက်တော့ ခွေးလေးတွေကလည်း အန်ပြီး သေသွားကြတယ်” ဟု အိမ်ရှင်ဖြစ်သူက ပြောသည်။

အဆိုပါ အဖြစ်ပျက်ကို အိမ်ရှင် က လူမှုကွန်ယက်ပေါ်တွင် တင်လိုက်ပြီးနောက်ပိုင်း ယမန်နေ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့က အမည်မသိ အမျိုးသား ၅ ဦးမှ အိမ်ဖော်မလေးကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အိမ်ရှင်ဖြစ်သူက သျှမ်းသံတော်ဆင့် သတင်းဌာနကို ပြောသည်။

ထိုအမည်မသိ ၅ ဦးသည် အိမ်နေဝတ်စုံဖြင့် လက်ထိပ်ခတ်ပြီး လာရောက်ခေါ်ဆောင်သွားကြောင်း အိမ်ရှင်ဖြစ်သူက ဆိုသည်။

“သူ့ကို ဘယ်သူတွေလည်း မသိဘူး။ လာခေါ်သွားတယ်။ လာမေးပြီးတော့ လက်ထိပ်ခတ်ပြီး လာခေါ်သွားတယ်။ ရဲတွေလည်းမဟုတ်ဘူး။ အိမ်နေဝတ်စုံနဲ့ပဲ။ အဲ့လူတွေလာခေါ်သွားတော့ သူက ဝန်ခံတယ်။ သူ ခိုးတာဟုတ်တယ်တဲ့။ အဆိပ်ခတ်တာလည်း သူပဲတဲ့။ မသိစိတ်တစ်ခုနဲ့ပဲ လုပ်လိုက်မိတာပါလို့ပြောတယ်။ သူများ လာခေါ်သွားတော့ ပေးသွားလိုက်တယ်” ဟု အိမ်ရှင်ဖြစ်သူက ဆိုသည်။

အဆိုပါ အိမ်ဖော်မလေးသည် အသက် ၁၅ နှစ် အရွယ်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး အလုပ်လာလုပ်သူ ဖြစ်ကြောင်း သိရသည်။

အဆိပ်ခတ်ခံရသည့် ဟင်းခွက်

ထို အိမ်ဖော်မလေး အလုပ်လာလုပ်ရာမှာ ဖုန်းများ မကြာခဏ ပျောက်မှုကြောင့် အိမ်ရှင်က CCTV တပ်ရာမှ မကျေနပ်သည့်အတွက်ကြောင့် အဆိပ်ခတ်ခဲ့ကြောင်း အိမ်ရှင်ဖြစ်သူက ပြောသည်။

ထိုအပြင် အိမ်တွင်း မီးဖိုချောင်းထဲတွင် CCTV မတပ်ထားရသည့်အတွက်ကြောင့် အိမ်ဖော်က အဆိပ်ခတ်နေတာကို သက်သေအနေဖြင့် ဗီဒီယို မရရှိထားကြောင်း ပြောသည်။

“သူ အလုပ်စလာလုပ်တော့ ဖုန်းတွေပျောက်တယ်လေ။ ကျမ ဖုန်းလည်း ခိုးတယ်။ ပြီးတော့ ဆိုင်မှာသွားရောင်းတာ။ အဲ့တာ ကျမတို့ CCTV တပ်လိုက်တာ။ မီးဖိုချောင်ထဲ မတပ်လိုက်ဘူး။ သူဖြစ်မယ်လို့ မထင်ထားဘူးလေ။ မတပ်ခင်မှာလည်း မီးဖိုချောင်ထဲ တပ်မှာလား လာမေးသေးတယ်။ ကျမတို့ ဆိုင်မှာ ကုမ္ပဏီတွေက တစ်ခါတစ်လေ ပိုက်ဆံလာရှင်းတာလည်း ရှိတယ်လေ။ သူ အဲ့တာတွေ မြင်ပြီးတော့ လိုချင်လို့ လုပ်လိုက်တာလား မသိဘူး” ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့နယ်သည် ကျောက်စိမ်းတူးဖော်သည့် ဒေသတစ်ခုဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတို့က သွားလာလှုပ်ရှားသည့် နေမြေဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...