နမ့်စန်ကျောင်းသား အချင်းချင်း ရန်ဖြစ်သေဆုံးမှုမှ ကျူးလွန်သူ ကျောင်းသား ပြန်လွှတ်ပေး

သျှမ်းပြည် လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်မှ အထက်တန်းကျောင်းသား အချင်းချင်း ရန်ဖြစ်သေဆုံးမှုမှ ကျူးလွန်သူ ကျောင်းသားကို မြို့နယ် တရားသူကြီးမှ ပြန်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။

သေဆုံးသွားသည့် ကျောင်းသား မောင်အောင်မော်ဟိန်း

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ် (၁) အထက်တန်းကျောင်းမှ အထက်တန်း ကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားပြီး မောင်အောင်မော်ဟိန်းသည် ရရှိသည့် ဒဏ်ရာဖြင့် နိုဝင်ဘာလ ၅ ရက်တွင် သေဆုံးသွားခဲ့ရသည်။

ထိုသေဆုံးမှုကြောင့် မောင်အောင်မော်ဟိန်း၏ မိဘများက ကျူးလွန်သူကို အမှုဖွင့်ထားရာ ၃ လကျော် ကြာလာသည့် အချိန်တွင် တရားသူကြီးမှ ကျူးလွန်သူကို ကလေးသူငယ် အခွင့်အရေးဖြင့် တရားသေလွတ်ခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း မောင်အောင်မော်ဟိန်း မိသားစုဝင် နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ကလေးသူငယ် အခွင့်အရေး နဲ့ ခုခံပိုင်ခွင့်ကြောင့် တရားသေ လွတ်ပေးလိုက်တယ်လို့ တရားသူကြီးက ပြောတယ်၊ ဒါပေမယ့် ကျမတို့ အမြင်မှာတော့ စစ်တပ်အသိုင်းအဝိုင်းက လူတွေမို့လို့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရ တာလို့ မြင်တယ်၊ စိတ်မကောင်းပေမယ့် ဘာမှ ထပ်မလုပ်နိုင်တော့လေ” ဟု မောင်အောင်မော်ဟိန်း မိသားစုဝင် နှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးကပြောသည်။

သေဆုံးသွားသည့် ကျောင်းသား မောင်အောင်မော်ဟိန်း

မောင်အောင်မော်ဟိန်းကို သေစေသည့် ရိုက်နှက်မှု ကျူးလွန်သူ ကျောင်းသားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ မှ စတင်ကာ စွဲချက်တင် အမှုစစ် ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် တရားသေ အဖြစ် ပြစ်ဒဏ် ကင်းလွတ်ခွင့် အမိန့်ချခဲ့ကြောင်း စုံစမ်းသိရသည်။

အမိန့်ချခြင်း မပြုလုပ်မှီ အချိန်တွင်လည်း နမ့်စန်မြို့မ ရဲစခန်းမှ အမှုကို ပိုက်ဆံဖြင့် ကျေအေးပေးသင့်ကြောင်း မောင်အောင်မော်ဟိန်း၏ မိဘကို ပြောဆိုမှု ရှိခဲ့ကြောင်း သိရသည်။

“သေတဲ့ ကလေးက သေသွားပြီ၊ ပိုက်ဆံသိန်း ၂၀ ဖြစ်ဖြစ် ၃၀ ဖြစ်ဖြစ် ယူပြီး ကျေအေးပေးလိုက်ပေါ့တဲ့၊ သေတဲ့ ကလေးက သေသွားပြီဆိုပေမဲ့ ကျူးလွန်သူကိုသာ ဒီအတိုင်းလွှတ်လိုက် ရင်လည်း စစ်ကောင်စီ အသိုင်းအဝိုင်းက ဒီလိုလုပ်လို့ရလားဆိုပြီး ပြောစရာတွေ ဖြစ်မှာကို မလိုလားဘူး၊ ဒါကြောင့် ကြောက်တဲ့ကြားကနေ မိဘတွေ အမှုကို ဆက်ဖွင့်ထားတာ၊ နောက်ဆုံးတော့လည်း တရားသေနဲ့ လွတ်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် မောင်အောင်မော်ဟိန်း၏ ဖခင်ဖြစ်သူသည် သားဆုံးရှုံးလိုက်ရသည့် စိတ်ကြောင့် ကျန်းမာရေးများ ထိခိုက်ပြီး ဆေးသွင်းနေရကြောင်းလည်း နီးစပ်သူ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...