ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်း ၄ နေရာ ကလေးငယ်များ ပညာသင်ကြားခွင့်မရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းသို့ ရောက်ရှိနေသည့် ကယားပြည် (ကရင်နီ) မှ စစ်ရှောင်ကလေးငယ်များသည် စာသင်ပေးမည့် ဆရာ၊ ဆရာမများ မရှိသည့်အတွက်ကြောင့် ပညာသင်ကြားခွင့် မရကြောင်း သတင်းရရှိသည်။

ဆီဆိုင် စစ်ဘေးရှောင်

စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲကြောင့် (၁) နှစ်ကျော်ကြာ ဆီဆိုင်မြို့နယ် နောင်ထော်ရွာ၊ ပန်တိုင်းရွာ၊ ဘုရားဖြူ နှင့် နောင်တိမ်ရွာသို့ ရောက်ရှိလာသည့် စစ်ရှောင်များထဲမှ အသက် ၆ နှစ်အထက် နှင့် အသက် ၁၂ နှစ်အောက် ကလေးငယ်များသည် ပညာသင်ကြားမှု အခွင့်အရေး ဆုံးရှုံးနေကြောင်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။

“ဒီမှာက ပညာရေးခေါင်းစဉ်နဲ့ လာတဲ့ ပရောဂျတ် မျိုးလည်း မရှိဘူး၊ အလှူရှင်ကလည်း နည်းတယ်။ ပညာရေးပရောဂျတ် နဲ့လာတဲ့ နေရာလည်း ရှိတယ်။ သူတို့လည်း ပုံမှန်တော့ မလာနိုင်ဘူး။ တချို့က ဒီလိုအလုပ်မျိုး လုပ်ရမှာလည်း ကြောက်သလို တချို့က စားဝတ်နေရေး အခက်ခဲတွေ ရှိတော့ လုံခြုံရေးကိုလည်း သူတို့ စိတ်ပူကြတယ် “ ဟု စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင် ကလေးငယ်များမှာ စစ်တပ်၏ လက်အောက်ခံ အစိုးရကျောင်းတွင် ပညာသင်ကြားချင်သော်လည်း ကျောင်းပြောင်းလက်မှတ်မရှိသည့် အတွက်ကြောင့် သင်ကြားမှု မရကြကြောင်း သိရသည်။

ထို့အပြင် ပညာသင်ကြားမှု အခွင့်အရေး ဆုံးရှုံးနေရသည့် ကလေးငယ်များအတွက် ဝမ်းနည်းစရာ ကောင်းကြောင်း၊ ကလေးငယ်များ၏ အနာဂတ် ကာလအတွက်လည်း စိုးရိမ်ပူပန်မှု များပြား လာကြောင်း ဆီဆိုင်မြို့ဒေသခံ အသက် ၄၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

“ စာမသင်ရတဲ့ ကလေးငယ်တွေအတွက်တော့ စိုးရိမ်စရာတွေ အရမ်းကောင်းတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်တွေဆို အခြေခံလည်းမရှိဘူး၊ သူတို့ကို စာသင်ပေးမယ့် ဆရာ၊ ဆရာမလည်း မရှိဘူး။ တချို့ကလေးတွေလည်း အတန်းနည်းနည်းတက်ပြီး တဝက်တပြတ် ဖြစ်သွားတဲ့သူ၊ တချို့ကလေးတွေက (၂-၃) နှစ် နဲ့ ကျောင်းနဲ့ဝေးကွာနေတာ တွေ့ရတော့ ကျနော့် ရင်ထဲမှာ ရင်နစ်ဖို့ကောင်းတယ် “ ဟု ၎င်း ကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ပြည့်လာသည့် ကာလအတွင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင် ဦးရေ စုစုပေါင်း (၇၀,၀၀၀) ရှိလာရာ စားဝတ်နေရေး၊ အသက်မွေးဝမ်းကြောင်း နှင့် ကလေးငယ်များ၏ ပညာရေးပိုင်းဆိုင်ရာ လိုအပ်ချက်များမှာလည်း အများအပြား လိုအပ်နေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...