Wednesday, January 28, 2026

ပင်လောင်းမြို့နယ် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ နှင့် နေပြည်တော် လမ်းမကြီးကြားတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။

လိန်းလီတံတား

ယမန်နေ့ (ဇန်နဝါရီ ၁၈ ) နှင့် ယနေ့ (ဇန်နဝါရီ ၁၉ ) ရက်တွင် စစ်ကောင်စီက ပင်လောင်းမြို့နယ် နမ့်ပန်ကျေးရွာ နှင့် လိန်းလီကျေးရွာကြား လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ မနေ့ မနက်တုန်းကတော့ လက်နက်ကြီးနဲ့ ပစ်တာ။ ဒီနေ့တော့ သေနတ်သံတွေပဲ ကြားနေရတာ။ တစ်ဖက်သတ် ပစ်ခတ်သံတွေပဲကြားရတာ။ စစ်ကောင်စီက တောထဲကို ပစ်သွားတာ။ တောထဲပစ်တော့ ပြည်သူတွေရဲ့ တောင်ယာတွေကို ထိသွားတယ်လေ” ဟု ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ၏ တောင်ယာထဲ ကျရောက်မှုရှိပြီး တောင်ယာထဲနေသည့် ပြည်သူများက မြို့ထဲပြောင်းရွှေ့လာရကြောင်း ဒေသခံများက ပြောသည်။

“ ကျနော်တို့ တောင်ယာတွေက မြို့နဲဝေးတော့ တောင်ယာထဲမှာ သွားနေတာရှိတယ်လေ။
လက်နက်ကြီးတွေ ပစ်လာတော့ စိုးရိမ်ပြီး မြို့ထဲပြန်ဝင်လာနေရတာရှိတယ်။ ဒါတွေက ကျနော်တို့အတွက် အခက်ခဲဖြစ်နေတယ်။ စိုးရိမ်စရာတွေဖြစ်နေတယ်” ဟု ဒေသခံများက ပြောသည်။

ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီက မည်သည့်တပ်ဖွဲ့ နှင့် ပစ်ခတ်မှုရှိပြီး မည်သည့်တပ်ဖွဲ့ကို ပစ်ခတ်ကြောင်းကို မသိရှိရသေးပေ။

“တောထဲ ပစ်သွားတာဆိုတော့ ဘယ်သူကို ပစ်ချင်တာလည်းတော့ မသိဘူး။ ခြိမ်းခြောက်ပြီးပစ်တာ။ တောထဲကနေ ထွက်လာအောင် ပစ်ခတ်နေတာ။ ဘယ်တပ်ဖွဲ့ကို ရည်ရွယ်ပြီး ပစ်တာလဲတော့ အသေချာမသိရသေးဘူး” ဟု နမ့်ပန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိ ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က စစ်ဆေးမှုများတင်းကြပ်နေလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်ထဲတွင် ယခုနှစ်အတွင်း ပစ်ခတ်မှုများသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...