ပင်လောင်းမြို့နယ် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့ နှင့် နေပြည်တော် လမ်းမကြီးကြားတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။

လိန်းလီတံတား

ယမန်နေ့ (ဇန်နဝါရီ ၁၈ ) နှင့် ယနေ့ (ဇန်နဝါရီ ၁၉ ) ရက်တွင် စစ်ကောင်စီက ပင်လောင်းမြို့နယ် နမ့်ပန်ကျေးရွာ နှင့် လိန်းလီကျေးရွာကြား လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ မနေ့ မနက်တုန်းကတော့ လက်နက်ကြီးနဲ့ ပစ်တာ။ ဒီနေ့တော့ သေနတ်သံတွေပဲ ကြားနေရတာ။ တစ်ဖက်သတ် ပစ်ခတ်သံတွေပဲကြားရတာ။ စစ်ကောင်စီက တောထဲကို ပစ်သွားတာ။ တောထဲပစ်တော့ ပြည်သူတွေရဲ့ တောင်ယာတွေကို ထိသွားတယ်လေ” ဟု ပင်လောင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ၏ တောင်ယာထဲ ကျရောက်မှုရှိပြီး တောင်ယာထဲနေသည့် ပြည်သူများက မြို့ထဲပြောင်းရွှေ့လာရကြောင်း ဒေသခံများက ပြောသည်။

“ ကျနော်တို့ တောင်ယာတွေက မြို့နဲဝေးတော့ တောင်ယာထဲမှာ သွားနေတာရှိတယ်လေ။
လက်နက်ကြီးတွေ ပစ်လာတော့ စိုးရိမ်ပြီး မြို့ထဲပြန်ဝင်လာနေရတာရှိတယ်။ ဒါတွေက ကျနော်တို့အတွက် အခက်ခဲဖြစ်နေတယ်။ စိုးရိမ်စရာတွေဖြစ်နေတယ်” ဟု ဒေသခံများက ပြောသည်။

ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီက မည်သည့်တပ်ဖွဲ့ နှင့် ပစ်ခတ်မှုရှိပြီး မည်သည့်တပ်ဖွဲ့ကို ပစ်ခတ်ကြောင်းကို မသိရှိရသေးပေ။

“တောထဲ ပစ်သွားတာဆိုတော့ ဘယ်သူကို ပစ်ချင်တာလည်းတော့ မသိဘူး။ ခြိမ်းခြောက်ပြီးပစ်တာ။ တောထဲကနေ ထွက်လာအောင် ပစ်ခတ်နေတာ။ ဘယ်တပ်ဖွဲ့ကို ရည်ရွယ်ပြီး ပစ်တာလဲတော့ အသေချာမသိရသေးဘူး” ဟု နမ့်ပန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိ ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က စစ်ဆေးမှုများတင်းကြပ်နေလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်ထဲတွင် ယခုနှစ်အတွင်း ပစ်ခတ်မှုများသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...