မိုင်းယန်းမြို့နယ်တွင်း ရိုးရာဓလေ့ ကျွဲခတ်ပွဲပြုလုပ်

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်ထဲတွင် ရိုးရာဓလေ့ ထုံးတမ်းအရ ကျွဲခတ်ပွဲကို ပြုလုပ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ကျွဲခတ်ပွဲ

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုထဲတွင် ကျွဲခတ်ပွဲကို စတင်ကျင်းပခဲ့ပြီး အဆိုပါ ကျွဲခတ်ပွဲကို မိုင်းလွေကျေးရွာမှ စတင်ကျင်းပပြီးမှ မိုင်းယန်း နှင့် မိုင်ကွယ်ကျေးရွာတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျွဲခတ်ပွဲကို ပြုလုပ်ရခြင်းသည် ကျွဲများ အနာရောဂါမှ ကင်းဝေးစေလိုကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းစေလိုကြောင်း ဒေသခံများ ယုံကြည်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိကြသည်။

“ ဒေသခံတွေရဲ့ ယုံကြည်ချက်ဆိုရင် ကျွဲခတ်ပွဲကို ၃ နေရာလုပ်ရမှာ၊ မိုင်းလွေကနေ စလုပ်ပြီးတော့ မိုင်းယန်း၊ မိုင်းယန်းပြီးမှ မိုင်းကွယ်ကို သွားလုပ်ရတာ။ ကျွဲခတ်ပွဲလုပ်ရတာက ကျွဲတွေ ရောဂါကင်းဝေးစေဖို့ နဲ့ စိုက်ပျိုးသီးနှံတွေဖြစ်ထွန်းဖို့ဆိုပြီး ယုံကြည့်ချက်နဲ့ တစ်နှစ်တစ်ခါ စည်ကားပြုလုပ်ကြတယ်” ဟု စိုင်းလိန်ခမ်းက ပြောသည်။

အဆိုပါ ကျွဲခတ်ပွဲကိုလည်း ကိုဗစ်- ၁၉ ကြောင့် ၃ နှစ်ခန့် မကျင်းပခဲ့ရပဲ ယခုနှစ်မှ ပြန်လည် ကျင်းပ နိုင်ခဲ့ကြောင်းသိရသည်။

သို့သော် ယခုနှစ်တွင်လည်း မိုင်းလွေကျေးရွာထဲတွင်သာ ကျင်းပနိုင်ခဲ့ပြီး ကျန်ရှိနေသည့် မိုင်းယန်း နှင့် မိုင်းကွယ်ကျေးရွာတွင် ကိုဗစ် -၁၉ ကြောင့် မကျင်းပနိုင်သေးပေ။

မိုင်းလွေကျေးရွာထဲတွင် ပြုလုပ်ခဲ့သည့် ကျွဲခတ်ပွဲသည် ကျွဲအကောင် ၂၀ ထက် မနည်းပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ တစ်နှစ်တစ်ခါ ကျင်းပရာတွင်လည်း ရပ်နီးရပ်ဝေး ပြည်သူများက လာရောက်လည်ပတ်လေ့ရှိကြောင်း စိုင်းလိန်ခမ်းက ပြောသည်။

“ ကျွဲခတ်ပွဲကို မလုပ်ရတာ ၃ နှစ်လောက်တော့ ရှိနေပြီထင်တယ်။ ကိုဗစ်ကြောင့် မလုပ်ရတာ။ ဒီနှစ်လည်း မိုင်းလွေမှာပဲ လုပ်ရသေးတယ်။ ကျန်တဲ့နေရာတွေက ကိုဗစ် ကြောင့် နဲ့ မလုပ်နိုင်သေးဘူး။ ဘယ်တော့ ပြန်လုပ်နိုင်မလဲဆိုတာလည်း မပြောတတ်သေးဘူး” ဟု ၎င်းက ပြောသည်။

ဒေသခံများ ယုံကြည်ချက်အရ တစ်နှစ်ကို ကျွဲခတ်ပွဲ ၁၅ ရက် ကျင်းပပြုလုပ်သွားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၁၅ ရက်တွင် ၅ ရက် တစ်ကြိမ် ကျွဲခတ်ပွဲကို ပြုလုပ်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...