Wednesday, May 8, 2024

ဖားကန့်မြို့နယ် ကက်သလစ်ဘုရားကျောင်းထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခါကျေးရွာ ကက်သလစ်ဘုရားကျောင်းတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။

ဆန်ခါကျေးရွာ ဘုရားကျောင်း

ယမန်နေ့ (ဒီဇင်ဘာ ၃၀) ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ဖားကန့်မြို့နယ် ဆန်ခါကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ဆန်ခါကျေးရွာ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တိုက်ပွဲက မဖြစ်ဘူး၊ ဒီတိုင်း ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်ပုံရတယ်။ ပထမတစ်လုံးက ရွာထဲကို ကျတယ်။ နောက်တစ်လုံးက ဘုရားကျောင်းထဲကျတယ်။ ကလေး ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ အမျိုးသားတစ်ယောက်ကတော့ ဆုံးသွားပြီ“ ဟု ဆန်ခါဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးသည် မဇွပ်ယန်အကျဉ်းထောင်မှ စစ်ကောင်စီတပ်များ ပစ်ခတ်သော လက်နက်ကြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာ ရှိသူများကို ဆန်ခါကျေးရွာ ပြည်သူများနှင့် လုံးခင်းလူမှုရေး အသင်းများက ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article