Thursday, January 29, 2026

ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု စစ်ကောင်စီ တပ်ရင်း ၄၂၅ မှ တပ်သား အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ပစ်ခတ်မှု ဖြစ်ပွား

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု မင်္ဂလာဦးရပ်ကွက်ထဲမှာ တပ်ရင်း ၄၂၅ မှ တပ်သားများနှင့် အမည်မသိ တပ်ပြေးတစ်ဦး ပစ်ခတ်မှုဖြစ်ကာ တပ်ပြေးတစ်ဦး သေနတ်ပစ်ခံရပြီး ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဘန်းယဉ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူက မူးယစ်ဆေးဝါး ကြောင်တာလားတော့ မသိဘူး။ သောကြာနေ့ ညတုန်းက တပ်ထဲမှာ သူများကို ဓားနဲ့လိုက်ခုတ်ပြီး ထွက်ပြေးခဲ့တာ။ အဲ့ညတညလုံး တပ်ရင်း ၄၂၅ က သူ့ကို လိုက်ရှာတာမတွေ့ဘူး။ နောက်နေ့ မနက်ရောက်တော့ သူမင်္ဂလာဦး ရပ်ကွက်ထဲမှာ ရှိတယ်ကြားပြီး တပ်ရင်း ၄၂၅ က လာဖမ်းတာ။ သူကပြန်ပြီး ရန်ပြုတော့ ဟိုဘက်က သေနတ်နဲ့ ပစ်ခတ်လိုက်တယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တပ်ပြေးတစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိပြီး တပ်ရင်း ၄၂၅ မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားကြောင်း သိရသည်။

တပ်သားအချင်းချင်း ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပစ်ခတ်ခံရသူမှာ မည်သူမည်ဝါ နှင့် ရာထူးကို သျှမ်းသံတော်ဆင့်ဌာန စုံစမ်းထားချက်အရ မသိရှိရသေးပေ။

ထို့အပြင် သြဂုတ် ၁၁ ရက်တွင်လည်း ဘန်းယဉ်နယ်မြေ ရဲစခန်းမှ ရဲတပ်သား ပြည့်ဖြိုးကျော် ဆိုသူမှာလည်း ရဲပြေးတစ်ဦးအဖြစ် ထွက်ပြေးလွှတ်မြောက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...