ကမ္ဘောဇတိုင်း အယ်ဒီတာချုပ် ရှောင်တိမ်းနေရင်း ဖမ်းခံရ

သျှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည့် ကိုကျော်ဇောကို ယနေ့(ဒီဇင်ဘာ ၂၅)ရက် နံနက်အစောပိုင်း ၃နာရီတွင် စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ကမ္ဘောဇတိုင်း အယ်ဒီတာချုပ် ကိုကျော်ဇော

ကိုကျော်ဇောသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှောင်တိမ်းနေရပြီး ၎င်းရှောင်တိမ်းနေသည့် ပဲခူးတိုင်း အနောက်ပိုင်း ကြိုးပင်ကောက်မြို့နယ်ထဲရှိ ကျေးရွာတစ်ခုတွင် ယနေ့ (ဒီဇင်ဘာ ၂၅)ရက် နံနက်ပိုင်း ၃နာရီအချိန်၌ စစ်ကောင်စီ မှ အင်အားအများအပြားဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူရှောင်နေတဲ့နေရာကို စစ်တပ်က အင်အားအများကြီးနဲ့ လက်နက်တွေရော ပါတယ် လာဖမ်းသွားတာ။ အခု ကိုကျော်ဇောက ကြိုးပင်ကောက်ရဲစခန်းမှာ လို့သိရတယ်။ မိသားစုဝင်တွေနဲ့တွေ့ခွင့်မရေသးဘူး” လို့ ကိုကျော်ဇာ၏ မိသားစုဝင် တစ်ဦးကဆိုသည်။

လက်ရှိမှာ ကိုကျော်ဇာ ကို ကြိုးပင်ကောက် ရဲစခန်းမှ ချုပ်နှောင်ထားပြီး၊မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မရသေးသဖြင့် စိုးရိမ်နေကြောင်း၊ စစ်ကြောရေးတွင်လည်းစစ်ကောင်စီဘက်မှ ခြေလွန်မှာကို စိုးရိမ်နေရကြောင်းလည်း ၎င်းက ပြောသည်။

ကိုကျော်ဇောသည် ၂၀၁၇ခုနစ်မှ စတင်က ကမ္ဘောဇတိုင်းသတင်းဌာနတွင် အယ်ဒီတာချုပ် တာဝန်ကို ယူခဲ့ပြီး၊ စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနစ် မတ်လ တွင်လည်း ပုဒ်မ ၅၀၅(က) အပါအဝင် မတရားပုဒ်မများနှင့် အမှုဖွင့် ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်သည်။

၂၀၂၁ ခုနစ် မတ်လတွင် အာဏာသိမ်း စစ်တပ်မှ ကိုကျော်ဇောကို မဖမ်းမိသဖြင့် သူ၏ အမျိုးသမီး အပါအဝင် ကမ္ဘောဇတိုင်း သတင်းဌာနတွင် လုပ်ကိုင် နေသူ (၄) ဦး ကို မတရားဖမ်းဆီးထောင်ချခဲ့သည်။

၂၀၂၂ ခုနစ် အောက်တိုဘာလတွင် ကမ္ဘောဇတိုင်း သတင်းဌာနမှ ဝန်ထမ်း (၄) ဦးသည် ပြစ်ဒဏ်စေ့နှင့် ပြန်လွှတ်လာပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...