Wednesday, January 28, 2026

တာချီလိတ်မြို့တွင်း အဆောင်များထဲထိ ဓားပြတိုက်မှုရှိလာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သူခိုးများပြားလာပြီး အဆောင်ထဲထိ ဓားပြတိုက်မှုရှိလာကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီ ဝန်းကျင်တွင် မဲခေါင်ရပ်ကွက်တွင်း အဆောင်တစ်ခုထဲ အမဲရောင်ဝတ်စုံဖြင့် လူ ၃ ယောက်က လက်နက်ကိုင်ဆောင်လာပြီး အဆောင်တွင်း နေထိုင်သည့် အမျိုသားတစ်ဦးကို ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

“ ကျနော် အလုပ်ကနေ ပြန်လာတာ။ ကျနော် ပြန်လာတဲ့ လမ်းမှာလည်း ကားနဲ့ နောက်ကနေလိုက်လာနေတယ်။ အဆောင်ရောက်တော့ တစ်ယောက်က လိုက်ဝင်လာပြီးတော့ လာတိုက်ခိုက်တာ။ ပြီးတော့ အနောက်ကနေ သေနတ်ကိုင်ပြီး ၂ ယောက်က လိုက်ဝင်လာတာ” ဟု ကိုယ်တိုင် ကြုံတွေ့ခံရသူ တစ်ဦးက ပြောသည်။

ထိုသို့ ဓားပြတိုက်မှုကြောင့် ဖုန်း နှင့် ရွှေဆွဲကြိုး များ ပါသွားကြောင်း သိရသည်။

ထိုအပြင် တာချီလိတ်မြို့တွင် ပြန်ပေးဆွဲမှုဖြင့် ဓားပြတိုက်ယူနေကြောင်း သိရသည်။

“ သူတို့က ပြန်ပေးဆွဲချင်တာ။ ကျနော် နားလာတုန်းကလည်း ကျနော်သူငယ်ချင်းကို ဖမ်းထားတယ်။ ပိုက်ဆံပေးပြီး လာထုတ်လို့ပြောတယ်။ ပြီးတော့ ကျနော်ကို ဖမ်းခေါ်သွားချင်တာ။ အဆောင်ကလူလည်း အော်လို့ သူက ပြန်ထွက်ပြေးသွားတာ” ဟု အထက်ပါသူက ပြောသည်။

တာချီလိတ်မြို့တွင် နယ်မှလာပြီး အလုပ်လုပ်ကိုင်သူများကလည်း များပြားလျှက်ရှိပြီး တချို့က ဆွေမျိုးမရှိသောကြောင့် အဆောင်တွင်း ငှားနေကြသည်။

“ တာချီလိတ်မှာ အလုပ်လာလုပ်တဲ့သူတွေလည်း အများကြီးရှိတယ်လေ။ ပြီးတော့ ထိုင်းနိုင်ငံက ဝရမ်းပြေးတွေလည်း အများကြီးရှိတယ်။ သူတို့တွေက အဆောင်မှာ လာငှားနေကြတယ်။ သူတို့တွေက ဆွေမျိုးတွေမရှိဘူးလေ။ အဲ့ကြောင့် ဓားပြတွေကလည်း အဆောင်မှာ နေတဲ့သူတွေကို ပိုပြီး ဓားပြတိုက်တာရှိတယ်။ ဟိုနေ့က ဖြစ်သွားတဲ့ ကလေးဆိုလည်း ကျိုင်းတုံမှာနေတာတဲ့” ဟု တာချီလိတ်မြို့ ဒေသခံက ပြောသည်။

တာချီလိတ်မြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံမှုမရှိသည့်အပြင် ရဲများကလည်း သူခိုးများကို ဖမ်းဆီးမှုလည်း မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ ဆိုင်ကယ် ခိုးခံရတာလည်း အများကြီး ရှိတယ်။ ရဲတွေကလည်း မဖမ်းဘူး။ အမှုတွေလည်း မလိုက်ဘူး။ သူခိုးတွေကလည်း မလိုက်ဖမ်းဘူး။ သွားတိုင်ရင်လည်း သေချာလိုက်ပေးတာမရှိဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းပြီး နောက်ပိုင်း အွန်လိုင်းဂိမ်း ၊ KTV, Club များ ပေါများလာပြီး နယ်မှ အလုပ်လာလုပ်သူများလည်း များပြားလာပြီး သူခိုး၊ ဓားပြများလည်း နေ့စဉ် ခိုးယူနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...