Wednesday, January 28, 2026

ဖားကန့်တွင် လိုင်စင်မဲ့ကားများကို စတင်ဖမ်းဆီးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဖားကန့် – လုံးခင်း ကားလမ်းမပေါ်ရှိ ပန်းတင်တံတားပေါ်တွင် လိုင်စင်မဲ့ကားများကို စစ်ကောင်စီက စတင်ဖမ်းဆီးနေကြောင်း သိရသည်။

လိုင်စင်မဲ့ကားများ

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှ လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမည်ဟု သတင်းထွက်ထားပြီးနောက်ပိုင်း ယမန်နေ့ ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီဝန်းကျင်က လိုင်စင်မဲ့ကား အစီး ၃၀ ကျော်ကို စစ်ကောင်စီ စတင်ဖမ်းဆီးနေကြောင်း လုံးခင်းမြို့ဒေသခံ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ သူတို့ ဖမ်းတဲ့နေရာက ဖားကန့်အထွက် ပန်းတင်တံတားပေါ်မှာဗျ။ ကျနော်သူငယ်ချင်း အဲ့ကနေ ဖြတ်သွားတာ ကားကိုဖမ်းထားတယ်။ လိုင်စင်မဲ့ ကားမျိုးစုံပဲ အစီး ၃၀ ကျော် ၅၀ ဝန်းကျင်လောက် ဖမ်းထားတာရှိတယ်။ စစ်ကောင်စီက သူတို့ ဘတ်ဂျက်အတွက် ဖမ်းနေတာပါ “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက်မှာ လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာထဲကို စစ်ကောင်စီက စစ်ကြောင်းထိုးစစ်ဆင်ပြီး ဒေသခံ ၈၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ မနေ့တစ်နေ့က စစ်ကောင်စီ ရွာထဲကိုစစ်ကြောင်းထိုးပြီး ဒေသခံ ၈၀ ယောက်လောက်ကို ဘော်ဒါဆွဲခေါ်သွားတယ်။ ဒီနေ့ မနက်မှ အကုန်ပြန်လွှတ်လာတယ်လို့ ပြောတယ်။ ညညဆိုလည်း စစ်ကောင်စီ ဘက်က လက်နက်ကြီးတွေနဲ့ ထုတယ်။ အခုချိန်က ဘာပြောပြရမှန်းတောင် မသိတော့ဘူး ဒီကလူတွေ အကုန်လုံး ခက်နေတယ် “ ဟု ၎င်းကဆက်ပြောသည်။

ဖားကန့်မြို့နယ်ထဲတွင် ကျောက်စိမ်းအများအပြားထွက်သည့် မြို့ဖြစ်ပြီး ၊ စီးပွားရေး အကျိုးအမြတ်ကြောင့် စစ်ကောင်စီ နှင့် KIA တို့ တိုက်ပွဲပြင်းထန်လာလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...