Thursday, January 29, 2026

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်လိုက်သည့်အပေါ် ရပ်တန့်ပေးရန် ချင်းမိုင်ကျောင်းသားများ တောင်းဆို

စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်တွင် ဒဂုံကျောင်းသား (၇) ဦးကို သေဒဏ်အမိန့် ချမှတ်လိုက်သည့်အပေါ်တွင် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် ကျောင်းသား/သူများအဖွဲ့အစည်း က ရှုတ်ချကြောင်း သရုပ်ဖော် ကန့်ကွက်မှုကို ယနေ့ (ဒီဇင်ဘာ ၆) ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

ချင်းမိုင်တက္ကသိုလ်က ကျောင်းသားများ ပြုလုပ်သည့် လှုပ်ရှားမှု

လာမည့် ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများကို သေဒဏ်ပေးမည်ဖြစ်ပြီး ၊ ထိုသေဒဏ်မှ လွတ်ကင်းအောင် နိုင်ငံတကာ ဖိအားပေးလုပ်ဆောင်ပေးရန်အတွက် အဓိက ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ကောလဟလ သတင်းအရဆိုရင် မနက်ဖြန်ကျရင် ဒဂုံကျောင်းသား ၇ ဦးကို သေဒဏ်ပေးမယ့် နေ့ဖြစ်တယ်။ ဒီနေ့ လုပ်လိုက်တဲ့ပွဲက သူတို့ကို စစ်ကောင်စီကို နိုင်ငံတကာက ဖိအားပေးဖို့ရယ်၊ ပြီးတော့ သေဒဏ်ပေးတာကို ရပ်တန့်ပေးဖို့အတွက်ဆိုပြီးတော့ ကျနော်တို့ အဓိက လုပ်ပေးတာ ဖြစ်ပါတယ်” ဟု ချင်းမိုင်တက္ကသိုလ် ကျောင်းသား/သူ အဖွဲ့စည်းထဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများဖြစ်သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများကို သေဒဏ်ချမှတ်မှုက ပိုမိုမြင့်တက်လာနေလျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင်လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်နီးပါးအတွင်းတွင် ပြည်သူ (၂,၅၆၅) ဦးကို သတ်ဖြတ်ခဲ့ပြီး (၁၃,၀၅၇) ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...
Ming_Families_Sentence_Death_in_China

ကိုးကန့်‘မြီ’မိသားစုအပါအဝင် ၁၁ ဦးကို ကျားဖြန့်မှုဖြင့် တရုတ်သေဒဏ်စီရင်ကွပ်မျက်

0
သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် (၁၁) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံးတစ်ခုမှ သေဒဏ်ချမှတ်ပြီးနောက် စီရင်ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နှစ် ၂၀၂၅ စက်တင်ဘာလအတွင်း အွန်လိုင်းငွေကြေး လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အဓမ္မ ညှင်းပမ်းနှိပ်စက်မှု၊ လူသတ်မှုတို့ဖြင့်...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...