Saturday, December 3, 2022

တောင်ကြီးမြို့မရဲစခန်းအနီးရှိ ဖုန်းဆိုင် လုယက်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့လည်ခေါင် လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်းကြား မြို့မရဲစခန်းအနီး ဖုန်းဆိုင်တစ်ဆိုင်တွင် လုယက်ခံရကြောင်း စုံစမ်းသိရှိရသည်။

ဖုန်းလုခံရသည့်ဆိုင်

ယမန်နေ့ (နိုဝင်ဘာလ ၂၃) ရက် ညနေပိုင်း ၃ နာခွဲတွင် ဆိုင်ကယ်တစ်စီးဖြင့် စီးလာသော လူငယ် နှစ်ဦးသည် မြို့မရဲစခန်းအနီးရှိ မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှာ ဖုန်းဝယ်ရန် ဟန်ဆောင်လာပြီး ပိုင်ရှင်၏ Redim Note 10 5G ဖုန်းအမျိုးအစား တစ်လုံးကို လုယက်သွားကြောင်း ဖုန်းထဲရှိ ပိုက်ဆံများလည်း ပါသွားကြောင်း အနီးပတ်ဝန်းကျင်ရှိ မျက်မြင်တွေ့ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လူငယ်နှစ်ယောက်က ဆိုင်ကယ်နဲ့ စီးလာပြီး တစ်ယောက်က ဆိုင်ထဲဝင်သွားတယ်။ တစ်ယောက်က ဆိုင်ကယ်မှာစက်နှိုးပြီး စောင့်တယ်။ ပိုင်ရှင်ကို ဖုန်းဝယ်ဖို့ဘာညာ ထုတ်ပြခိုင်းတာ။ အဲ့နဲ့ ပိုင်ရှင်ကလည်း သူတို့ကို မသင်္ကာတာနဲ့ ဖုန်းအသစ်ကို ထုတ်မပြဘူးထင်တယ်။ ဖုန်းရဲ့အမျိုးအစား ဓာတ်ပုံပြဖို့ အထဲကိုဝင်သွားတာ။ အဲ့နဲ့ မှန်ဘောင်ထဲမှာ တင်ထားတဲ့ ပိုင်ရှင်ရဲ့ဖုန်းကို ဝင်ယူသွားတယ် “ ဟု ၎င်းမျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။

ပိုင်ရှင်၏ Redim Note 10 5G အမျိုးအစားသည် လက်ရှိဈေးနှုန်းမှာ ကျပ် ( ၄ ) သိန်းတန်ပြီး ဖုန်းထဲရှိ K-pay အကောင့်ထဲတွင် ကျပ်သိန်း (၁၀) နှင့် wave momey အကောင့်တွင်လည်း ကျပ်သိန်း (၂၀) ကျော်ရှိသည်ဟု သိရသည်။

တောင်ကြီးမြို့တွင်ယခုလအတွင်း ဖုန်းလုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့နေသဖြင့် အပြင်ထွက်တိုင်း လက်ကြား ဖုန်းကိုင်ဆောင်ထားခြင်း မပြုရန် ၎င်းက ထပ်လောင်းပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article