မူဆယ်မြို့ ရဲအယောင်ဆောင်ပြီး စစ်ဆေးမှု ပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အတွင်း ရဲအယောင်ဆောင်ပြီး လမ်းသွားလာပြည်သူများကို တားဆီးစစ်ဆေးနေလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မူဆယ်မြို့

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်းတွင် မူဆယ်မြို့မှာ ပြီးခဲ့သည့် ဇူလိုင်လက စပြီး ရဲဝတ်စုံများ ဝတ်ဆင်ကာ ရဲအတုအယောင်ဆောင်ဖြင့် လမ်းသွားလမ်းလာများကို စစ်ဆေးပြီး ငွေတောင်းယူမှုများလည်း ရှိနေကြောင်း မူဆယ်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

“အရင်က လွန်ခဲ့တဲ့ ၅ လ လောက်ကတည်းက မင်္ဂလာ မူဆယ်မှာလည်း ကျနော်တို့ ကြုံဖူးတယ်။ လမ်းပေါ်မှာ စစ်ဆေးနေတာ။ အဲ့တုန်းကတော့ ရဲအစစ်လားလို့ ထင်တာပေါ့။ သူတို့ ရဲတွေဝတ်တဲ့ ဘောင်းဘီလိုတော့ ဝတ်ထားတယ်။ အင်္ကျီတော့ မပါဘူး။ အပေါ်က သာမာန်အင်္ကျီပဲ” ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ စက်မှုတောင်ပန်းခြံ စက်မှု ဘုန်းကြီးကျောင်း အကွေ့နားတွင် ရဲ အယောင်ဆောင်ထားသည့် အမျိုးသား ၂ ဦးက လမ်းသွားလမ်းလာ နေသည့် ကားများကို တားပြီး စစ်ဆေးနေကြောင်း သိရသည်။

ထို ရဲအယောင် ၂ ဦးသည်လည်း ရဲဘောင်းဘီ ဝတ်ဆင်ထားပြီး တုတ်၊ ဓားများဖြင့် စောင့်ဆိုင်း စစ်ဆေးမှု ပြုလုပ်သည်။

“ ကျနော် အဲ့နေ့က ဧည့်သည် သွားပို့လာတာ။ အဲ့နားမှာ လူ ၂ ယောက်က ဆိုင်ကယ် နဲ့ ရဲဘောင်းဘီဝတ်ပြီးတော့ စောင့်နေတာ။ တကယ် ရဲမဟုတ်ဘူး။ ကျနော်က ဘယ် ရဲစခန်းကလဲ။ ဘာလို့ ၂ ယောက်ပဲ လာစောင့်တာလဲ လို့မေးတယ်။ ပြီးတော့ ရဲစခန်းကို ဖုန်းဆက်မေးမယ်နော် ပြောလိုက်တော့ သူတို့က ကျနော်ကို ပေးသွားတယ်။ ကားမှားတယ်ဆိုပြီး ပေးသွားလိုက်တာ” ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အမျိုးသား တစ်ဦး က ပြောသည်။

ရဲအယောင်ဆောင် ၂ ဦးသည် စစ်ဆေးနေချိန်တွင်လည်း ကားပေါ်မှ အတင်းဆင်းခိုင်းပြီး၊ ကားမှန်တံခါးများ အကုန်ချခိုင်းသည့် အပြင် ထိုရဲ အယောင်အဆောင် ၂ ဦး ၏ တဖက်လမ်းတွင်လည်း အုပ်စုတစ်စုကိုလည်း တွေ့ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့သူ တစ်ဦးက ပြောပြသည်။

“ သူတို့တွေက လမ်းပေါ်မှာတော့ ၂ ယောက် လောက်ပဲ ထွက်စောင့်နေတာ။ ပြီးတော့ လမ်းဘေးခြုံထဲမှာ လူအုပ်ကြီး စောင့်နေတာ။ အဲ့ထဲမှာ တုတ်တွေ၊ ဓားတွေနဲ့ စောင့်နေကြတယ်။ သူတို့က ကားပေါ်ကနေ ဆင်းခိုင်းတယ်။ စစ် စရာရှိတယ်ပြောပြီး တော့ အတင်းဆင်းခိုင်းတာ။ ကျနော်က မဆင်းလိုက်လို့ ဘာမှ မဖြစ်ဘူး” ဟု အထက်ပါ ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားက ပြောသည်။

ထိုအပြင် မူဆယ်မြို့တွင် ဆိုင်ကယ် လုယက်မှုများ၊ ရဲ အတုစစ်ဆေးမှုများလည်း ပေါများလျက်ရှိနေပြီး လုံခြုံမှုအတွက် အလွန် အားနည်းနေကြောင်း ဒေသခံများက ပြောသည်။

“ ဒီလိုပဲ လုပ်စားတဲ့ သူတွေကလည်း အများကြီးရှိနေတာ။ မူဆယ်မှာ အဲ့လို ရဲအတုတွေ စစ်ဆေးနေတာ ခဏခဏကြားရတယ်။ ညအချိန်ဆို အဲ့လို တားပြီးစစ်နေတာ။ လုံခြုံမှုပိုင်းက အရမ်းကို အားနည်းသွားပြီး။ ပိုက်ဆံရှိတဲ့သူအတွက်ကော၊ ပိုက်ဆံမရှိတဲ့ သူအတွက်ကော လုံခြုံမှုတွေ မရှိတော့ဘူး” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးကပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်း အများအပြား သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

ယခုနှစ် အောက်တိုဘာ ၁၇ ရက်တွင်လည်း အမျိုးသမီး ၂ ဦး လမ်းလျှောက်သွားလာချိန်တွင်လည်း အမည်မသိ ၂ ဦးက ဆိုင်ကယ်ဖြင့် ဖုန်းလုယက် ယူဆောင်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...