ပင်လောင်း လွယ်ကျိုင်းရောက် စစ်ဘေးရှောင်များ ဆေးကုသမှုခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် လွယ်ကျိုင်းကျေးရွာရောက် စစ်ဘေးရှောင်များသည် ဆေးကုသမှု အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းမှ စတင်ကာ လွယ်ကျိုင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ရှောင် ၄၀၀ ကျော် သည် ဖယ်ခုံ၊ မိုးဗြဲ နှင့် ကရင်နီပြည်ဘက်မှ ထွက်ပြေးလာသည့် သူများဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာကြပြီး ဆေးကုသမှုနှင့် အစာအာဟာရ အတွက် ခက်ခဲနေကြောင်း လွယ်ကျိုင်းရောက် အသက် ၅၀ ကျော်အရွယ်ရှိ စစ်ရှောင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းစစ်ရှောင်

“စစ်ရှောင် ဦးရေ ၄၀၀ ကျော်မှာ ၇၀ ရာခိုင်နှုန်းလောက်က ကလေးရော လူကြီးရော ဖျားနာနေကြပါတယ်၊ အိမ်သားတစ်ယောက်က စဖျားပြီဆိုရင်လည်း ကျန်တဲ့မိသားစုဝင်တွေလည်း ဆက်ဖျားကြတာ၊ ဆေးဝါးတွေ ဝယ်ဖို့လည်း ငွေကြေးမရှိမဲ့ ရှိမဲ့တွေစုပြီး ဆေးဝယ်ရတာလည်း တော်တော်ကို ခက်ခဲတယ်” ဟု လွယ်ကျိုင်းရောက် စစ်ရှောင်က ပြောသည်။

ထို့အပြင် လက်ရှိ ဆောင်းရာသီ ဝင်လာပြီဖြစ်သဖြင့် ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများအတွက် အနွေးထည် နှင့် စောင်များက မလုံလောက်ကြောင်း သိရသည်။

လွယ်ကျိုင်းရောက် စစ်ဘေးရှောင်များသည် ကျေးရွာအတွင်း နှင့် အနီးပတ်ဝန်းကျင်ရှိ မြေမြှုပ်မိုင်း အန္တရာယ်၊ စစ်ကောင်စီတို့ တပ်စခန်းချထားသည့် အန္တရာယ်တို့ကြောင့် နေရပ် မပြန်နိုင်သေးကြောင်းလည်း အထက်ပါ စစ်ရှောင်အမျိုးသားက ဆက်ပြောသည်။

“တချို့ရွာတွေထဲကို စကစ က ပြည်သူအိမ်ထဲ နေရာယူပြီး တပ်စခန်းချထားတာတွေ၊ မြေမြှုပ်မိုင်း ချိန်ထားတာတွေ ရှိနေတာ ကြားရလို့ မပြန်ရဲသေးဘူး၊ ပြန်တော့ ပြန်ချင်တာပေါ့၊ စစ်ရှောင် နေရလည်း စားဝတ်နေရေးတွေ လုပ်ကိုင်စားသောက်ဖို့တွေက အဆင်ပြေဘူး” ဟု လွယ်ကျိုင်းရောက် စစ်ရှောင် အမျိုးသမီးတစ်ဦး က ပြောသည်။

စစ်ဘေးရှောင်များသည် ရပ်ရွာအတွင်း နေ့စားလိုက်ခြင်း နှင့် အပိုဝင်ငွေ ရှာဖွေစားသောက်သော်လည်း အလုပ်ခွင် မှ လူဦးရေ ကန့်သတ်ထားခြင်း၊ အလုပ်က နေ့တိုင်းမရှိခြင်းတို့ကြောင့် ခက်ခဲရကြောင်းလည်း စစ်ရှောင် များက ပြောသည်။

လက်ရှိတွင် အလှူရှင်များ လှူဒါန်းထားသည့် ရိက္ခာများနှင့် ရှာဖွေစုဆောင်းထားသည့် ရိက္ခာများကိုသာ ချွေတာ သုံးစွဲနေရသည့်အတွက် အချိန်တို အတွင်းရိက္ခာပြတ်သွားနိုင်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဖြစ်နေသည့် အခက်အခဲများကြောင့် စစ်ရှောင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန် တောင်းဆိုလိုကြောင်းလည်း စစ်ရှောင်များက ပြောသည်။

ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့သည်လည်း သျှမ်းပြည်အတွင်းရှိ စစ်ရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...