မိုးမောက်တိုက်ပွဲကြား အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၆ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်း တပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးမောက် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက ယာခင်းထဲမှာ ရှိတဲ့အမျိုးသမီး ၂ ယောက်ရဲ့အနီးမှာ ကျရောက် ပေါက်ကွဲသွားတယ်။ ဆုံးသွားတဲ့ အမျိုးသမီးက ပိုင်းဝမ်းက ဒေသခံဘဲ။ လွန်ခဲ့တဲ့ ၂ ရက် လောက်ကလည်း မြို့ပေါ်မှာရှိတဲ့ ချတ် (ဘုရားရှိခိုးကျောင်း) ကျောင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထပ်ကျလို့ ၇ တန်းကျောင်းသူ၊ အသက် ၅၀ နှစ်ခန့် အမျိုးသမီး နဲ့ နောက်ထပ် အမျိုးသမီး၂ ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာ ရရှိသူ

အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသမီး ၄ ဦးအနက် အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို မိုးမောက်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး ကျန်သည့် အမျိုးသမီး ၃ ဦးကို မိုးမောက်ဆေးရုံမှာ ဆေးဝါးကုသမှု ခံနေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိုင်းဝမ်းရွာ၊ နောင်တောင်းရွာ၊ လုံကြာရွာ နှင့် ဝမ်ကျေးရွာ အတွင်းရှိ ဒေသခံ ပြည်သူ (၆၀၀) ကျော်သည် မြို့ပေါ်ရှိ တိမ်မဟာကျောင်း နှင့် ကျေးရွာ အနီးနားရှိ ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ရကြောင်း သိရသည်။

“ကျေးရွာထဲမှာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်း ချထားတာတော့မရှိပါဘူး။ သူတို့ စခန်းချထားတာက တောင်ပေါ် ဒေသမှာပါ။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်တာ။
ကျေးရွာ ဒေသခံ (၆၀၀) ကျော်က မိုးမောက်မြို့ပေါ် တိမ်မဟာကျောင်း နဲ့ တိုက်ပွဲမရှိတဲ့ ကျေးရွာဘက်ကဘုန်းကြီးကျောင်းတွေမှာ ခိုလှုံလာရတယ်။ ပြီးတော့ (၃) မိုင် စစ်ရှောင်စခန်း နဲ့ ဆွေမျိုးတွေဆီ ခိုလှုံရတာလည်း ရှိတယ် “ ဟု ၎င်း အထက်ပါ ပုဂ္ဂိုလ်တစ်ဦးက ဆက်ပြောသည်။

အောက်တိုဘာ ၂၀ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့် အသံများကို ထပ်မံကြားနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...