တာချီလိတ်မြို့ နေအိမ်တွင်း သေဆုံးနေသည့် အလောင်းတွေ့ရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်း နေအိမ်တစ်လုံးမှာ သေဆုံးနေသည့် အမျိုးသမီး အလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နေအိမ်တစ်ခု အတွင်းမှ အပုပ်နံ့များ ထွက်နေကြောင်း အိမ်နီးချင်းများမှ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးပြီး သေဆုံးနေသည့် အမျိုးသမီးအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဘယ်နေ့ကတည်းက သေနေလည်းတောင် မသိပါဘူး၊ အလောင်းက ပုပ်ပွပြီး အနံ့လည်းထွက်၊ လောက်ကောင် တွေလည်း တက်နေပြီ၊ ရဲစခန်းက လာစစ်ပြီး လူမှုကူညီရေး အသင်းကို အလောင်းလာသယ်ပေးဖို့ပြောလိုက်တာ၊ သူ့မှာ အိမ်ထဲ တစ်ယောက်တည်းနေတာလို့ သိရတယ်” ဟုဆန်ဆိုင်း (ခ) ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသည့် အလောင်း

အလောင်းကို ဦးလှမိုး လူမှုကူညီရေး ပရဟိတအသင်းမှ လာရောက်သယ်ဆောင်သွားပြီး သေဆုံးသူ အမျိုးသမီး သည် အသက် (၅၅) နှစ်အရွယ် ပါနန်းအွေ့ ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး ပရဟိတ အသင်းကို ဆက်သွယ်မေးမြန်းရာ အလောင်းပုပ်ပွနေသည့် ဒဏ်ရာ ဒဏ်ချက်များလည်း မတွေ့ရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ကို ရဲစခန်းက ဖုန်းဆက်အကူညီတောင်းလာလို့ ရောက်သွားတဲ့အချိန်မှာ အလောင်းက လောက်ကောင် တွေ အနံတွေနဲ့ မို့လို့ ဒဏ်ရာဒဏ်ချက်တွေ မတွေ့ရဘူး၊ သိမ်းစရာရှိတာ သိမ်းဆည်းပြီး အလောင်းကို တာချီလိတ် ခရိုင် ပြည်သူ့ဆေးရုံကို ပို့ပေးလိုက်တယ်” ဟု ဦးလှမိုး လူမှုကူညီရေး ပရဟိတ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့တွင်းတွင် လူသူမသိ သေဆုံးသည့် ဖြစ်စဥ်များ၊ ရက်လွန်မှ သေဆုံးကြောင်း သိရသည့် ဖြစ်စဥ်များ မကြာခဏရှိသည့်အတွက် သက်ကြီးရွယ်အိုများနှင့် ရောဂါအခံ ရှိသူများ တစ်ဦးတည်း မနေသင့်ကြောင်း ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောဆို သုံးသပ်ထားသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နှင့် မူဆယ်မြို့နယ် တို့တွင်လည်း ယခု အောက်တိုဘာလအတွင်း ပိုင်ရှင်မဲ့ အလောင်း နှင့် အသတ်ခံရပြီး သေဆုံးနေတဲ့ အလောင်းတွေ များလာကြောင်း ဒေသအတွင်း ပရဟိတသမား များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...