ဆီဆိုင်မြို့နယ် လယ်ယာမြေ သိမ်းခံရသော တောင်သူများ စစ်တပ်မှ အမှုဖွင့် ဒဏ်ငွေရိုက်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်တပ်မှ ဒေသခံ တောင်သူများထံ လယ်ယာမြေသိမ်းထားပြီး တောင်သူများကို အမှုဖွင့်ခြင်း၊ ဒဏ်ငွေ ပေးဆောင်ရခြင်းများကို ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့က ဆီဆိုင်မြို့နယ်ရှိ တရားရုံးမှ တောင်သူ ၃၇ ဦးကို စစ်တပ် မှ ပုဒ်မ (၄၄၇) ၊ နယ်မြေပိုင် ကျုးကျော်မှုဖြင့် တရားဆွဲဆိုခဲ့ပြီး တောင်သူ တစ်ဦးကို ကျပ်ငွေ ၁ သောင်းကျပ်ဖြင့် ဒဏ်ငွေရိုက်ခဲ့ကြောင်း လယ်မြေသိမ်းဆည်းခံထားရသော တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ကျနော်တို့ တောင်သူတွေကို ပုဒ်မ ၄၄၇ နဲ့ တရားဆွဲလိုက်တယ်။ ပြီးတော့ ကျနော်တို့ မြေပိုင်ရှင် တောင်သူ ၇၃ ယောက်ကိုလည်း၊ စစ်တပ်က တစ်ယောက်ကို ၁ သောင်းဆီ ဒဏ်ငွေ ရိုက်ခဲ့တယ်။ ဒီ လယ်ယာမြေ တွေက စစ်တပ်နယ်မြေ မဟုတ်ပါဘူး။ ကျနော်တို့ တောင်သူတွေရဲ့ လယ်ယာမြေတွေပါ။ သူတို့က အတင်းအဓမ္မ သိမ်းယူထားခဲ့တာ “ ဟု ၎င်း တောင်သူ အမျိုးသား တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ် တရားရုံး

လက်ရှိတွင် ခမရ (၄၂၃/၄၂၄) တပ်ရင်းမှ တောင်သူများ၏ လယ်မြေယာ ဧကပေါင်း (၂,၂၀၀) ကို အဓမ္မ သိမ်းဆည်း ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်တပ်မှ သိမ်းဆည်းထားသော လယ်ယာမြေ ဧကပေါင်း (၂,၂၀၀) မှာ ခမရ (၄၂၃/၄၂၄) တပ်ရင်းအနီးတွင် ရှိပြီး လမ်းမကြီး၏ အရှေ့ဘက် လယ်ယာမြေ (၃၀၀) ဧက နှင့် လမ်းမကြီး၏ အနောက်ဘက်ရှိ လယ်မြေယာ (၁,၉၀၀) ဧက တို့ဖြစ်ကြောင်း သိရသည်။

“ လမ်းမကြီးရဲ့ အရှေ့ဘက်ကရှိတဲ့ လယ်ယာတွေကတော့ ကျနော်တို့ သွားလုပ်စားလို့ မရပါတော့ဘူး။ အဲ့မြေထဲမှာ မြေမြှုပ်မိုင်းတွေ မြုပ်ထားတယ်လို့ စစ်တပ်က တရားဝင် စာထုတ်ထားတယ်။ ကျနော်တို့ လယ်ယာမြေမှာ လုပ်စားလို့မရတော့ အခု နေ့စားလိုက်နေရတယ်။ အခု နိုင်ငံရေး အခြေနေနဲ့ ကျနော်တို့ အရမ်းခက်ခဲနေတယ် “ ဟု နယ်မြေသိမ်းခံထားရသော အမျိုးသား တစ်ဦးက ပြောသည်။

၁၉၉၂ ခုနှစ် စစ်တပ်ရောက်ရှိလာပြီး နောက်ပိုင်း ခမရ (၄၂၃/၄၂၄) တပ်ရင်းများမှ ပြည်ထောင်စု လမ်းမကြီး၏ အရှေ့ဘက်သို့ နေရာခြေကုတ်ယူခဲ့ပြီး တဖန် စစ်တပ်မှ လမ်းအနောက်ဘက်သို့ ထပ်မံနေရာခြေကုတ် ပြန်ယူပြီး တပ်ရင်းတည်ဆောက်ခဲ့ရာ လမ်းကြီးအရှေ့ဘက်ရှိ လယ်ယာမြေ ဧကပေါင်း (၅၀၀) နှင့် လမ်းနောက်ဘက်ရှိ ဧကပေါင်း (၁,၉၀၀) ကိုအဓမ္မ သိမ်းဆည်းသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...