Monday, April 29, 2024

မိုင်းပျဉ်းမြို့မ ဈေးထဲ လုံခြုံရေး တင်းကြပ်သည့်ကြား ဆိုင်ဖောက်ထွင်းမှုရှိ

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့မ စျေးတွင်း ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လုံခြုံရေး အတင်းအကြပ် ယူထားသည့်ကြား ဆိုင်ဖောက်ထွင်း ခံရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၀ ရက် ည အချိန်တွင် ရဲများ လုံခြုံရေးယူထားသည့်ကြားက စျေးအပြင်ဘက်ရှိ ကားဝါယာရိန်း ပြုပြင်ရေးဆိုင် ဖောက်ထွင်း ခံရကြောင်း သိရသည်။

“မနေ့ည က ဆိုင်တစ်ဆိုင် ဖောက်ခံရတာတဲ့။ ကား ဝါယာရိန်းဆိုင် လို့ပြောတယ်။ ဗုံးပေါက်ပြီး နောက်တစ်ညမှာ ဖောက်ခံရတာ။ အဲ့နားမှာလည်း ရဲတွေ နေ့ကော ညကော လုံခြုံရေးယူနေတာ။ အဲ့မှာ ညပါအိပ်တယ်လေ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖောက်ထွင်းခံရသည့် ဆိုင်

အဆိုပါ ထိုဈေးအနီးဝန်းကျင်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်ယူထားသောကြောင့် မည်သူမျှ ဝင်မခိုးရဲကြောင်း စစ်ကောင်စီတပ်သားများသာ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“သူတို့ အဲ့လောက်အိပ်စောင့်နေတာ ဘယ်သူက ဝင်သွားခိုးရဲမှာလဲ။ သူတို့ပဲ ဝင်ခိုးကြတာလားတော့မသိဘူး။ သူတို့ အဲ့လောက်စောင့်နေတော့ ဘယ်သူဝင်ခိုးရဲမှာလဲ” ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့သည် မိုင်းပျဉ်းမြို့မ ဈေးထဲသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လက်ရှိမှာ ကျိုင်းတုံဆေးရုံသို့ဆေးကုသနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article