Monday, April 29, 2024

လားရှိုးမြို့ ပိုင်ရှင်မဲ့ အမျိုးသား အလောင်းတွေ့ရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် လားရှိုးမြို့ ရပ်ကွက် (၅) အတွင်းရှိ အင်ကြင်းလမ်း နှင့် (၄၂) လမ်းဒေါင့် မြောင်းဘေးရှိ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့ကြောင်း လားရှိုးမြို့ လူငယ်များ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလထဲမှာ ရာသီအပြောင်းအလဲကြောင့် သေဆုံးသွားတယ်လို့တော့ ထင်တယ်။ အစာအာဟာရ ပြတ်လတ်တာလဲ ပါတယ်။ အခုက ဆောင်းရာသီ ဝင်ခါစဆိုတော့ အေးတယ်။ သူတို့ ညအိပ်ရင် ခြုံဖို့ စောင်က မရှိဘူး“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ပိုင်ရှင်မဲ့ အလောင်း

ရာသီဥတု ပြောင်းလဲ ဖြစ်ပေါ်လျှင် လားရှိုးမြို့ရှိ အိမ်ခြေမဲ့ အလောင်းကို တစ်လလျှင် (၃) လောင်းခန့် တွေ့ရှိပြီး ယခုတွင်လည်း သျှမ်းပြည်တွင်း ရာသီဥတု ပြောင်းလဲသောကြောင့် သေဆုံးသူများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တုန်းက ဆိုရင် ရာသီဥတု ပြောင်းလဲတဲ့ချိန်မှာ တစ်လ တစ်လကို အလောင်း (၃) လောင်းလောက် တွေ့နေရတယ်။ အခုလဲပဲ ရာသီဥတုက အေးစပြုလာပြီဆိုတော့ အိမ်ခြေမဲ့တွေ သေဆုံးတာတွေ ရှိလာတယ်”ဟု လားရှိုးမြို့ လူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ထို့အပြင် ပိုင်ရှင်မဲ့ သေဆုံးနေသော အမျိုးသားအလောင်းကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားလိုက်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article